တောနက်နက်တနေရာ၏လူမသိသူမသ်ရွက်ဖျင်တဲလေးတွေဆီသိုမြင်းတကောင်
ခွာဆောင့်သံပြင်းပြင်းဖြင့်ဝုန်းဒိုင်းကျဲရောက်လာ၏"အရှင်ဝူရှင်းအဆင်ပြေရဲ့လား?ဘာလို့နောက်ကျနေတာလဲ.?.ဘာလို့ချုန်းရန်မပါလာတာလဲ?"
"မင်းတို့အားလုံးငါ့ကိုခဏအနားပေးစမ်းပါ"
"အရှင်ဝူရှင်း...?..?."
"............"
ဘာမှမပြောပဲရွက်ဖျင်တဲထဲဝင်သွားသည်ကြောင့်သူတို့အရှင်ဝူရှင်းတခုခုဖြစ်ခဲ့ပြီဆိုတာသိလိုက်သည်မို့အားလုံးကဆိပ်ငြိမ်လျက်
ရွက်ဖျင်တဲလေးထဲကဝူရှင်းတယောက်ကတော့
ပိန်ကျသွားတဲ့ချုန်းရန်မျက်နှာနုနုကိုမြင်ယောင်ရင်းဖြင့်သာနောင်တပစ်တင်မှုတွေပြည့်နှက်နေခဲ့ရသည်.....
ထိုနေကတော့အချိန်တွေမြန်သထက်မြန်လွန်းစွာမှောင်မိုက်ခြင်းဆီသို့.....--------------------------------------------------
တစ်ဖက်တွက်တော့
အပြင်ပတ်ဝန်းကျင်အေးစက်မှုတို့ကိုဆန့်ကျင်စွာအိပ်ဆောင်အတွင်းကချုန်းရန်တယောက်ကိုယ်တွေကျစ်ကျစ်တောက်ပူနေသည်.......ညကြီးသန်းခေါင်လာခေါ်တဲ့ရဲမတ်တွေကြောင့်လူကယိုင်နဲ့နဲ့ဖြင့်သာလိုက်လာခဲ့ရသည်
အကြောင်းကားဘုရင်လင်ဖုန်းအခေါ်တော်လွှတ်သည်ဆို၍ဖြစ်သည်..ဘုရင့်အိပ်ဆောင်အတွင်းတွင်တကယ်ကိုနွေး
နေပါသည် အပြင်မှာရေခဲလောက်အောင်အေး
နေသည်ဆိုသော်လည်း ထိုအခန်းတွင်းကဆန့်ကျင်စွာ.....အိပ်ကုတင်နဲ့ခြား၍ကာထားသည့်
ပိတ်စပါးပါးကနေတောင်အထင်အရှားမြင်နေရသည်က.......ဟန်ဘုရင်သည်
မျက်ခုံးထူထူတို့ကိုတွန့်ချိုးလျှက်..နှုတ်ခမ်းနီဆွေးဆွေးကိုစေ့စေ့စိလျက်အိပ်ပျော်အောင်ကြိုးစားနေသည်ဟုထင်ရသောသူအိပ်ဆောင်ထဲရောက်တော့မတ်တပ်ရပ်ခေါင်းငုံ့လျက်သာအမိန့်တော်စောင့်နေလိုက်သည်.....
ခဏကြာတော့မှမျက်လုံးမှိတ်ထားလျက်ဖြင့်ပြောလာသည်က
"ဘာလုပ်နေတာလဲ....ထိုင်နေလေ"
"ဟုတ်ကဲ့ပါအရှင်"
"ငါအိပ်မပျော်ဘူး......မင်းသီချင်းဆိုရလိမ့်မယ်ချုန်းရန်"
YOU ARE READING
မြေခ凉爽的河和太阳(Completed)uni+zaw
Historical Fictionအရှင်...ကျွန်တော်ကအရှင့်အတွက်ဘာလဲဟင်......... နတ်ဆရာရဲ့စေလိုရာအတိုင်းနန်းသွေးကိုမွေးထုတ်ပေးနိုင်မည့်ယောက်ကျာ်းသားဆို တဲ့နာမည်နဲ့အခုလိုကျွန်တော့်ဘဝရဲ့အရာရာကိုဖျက်ဆီး ပစ်ခဲ့တာလား...........မိုးနတ်မင်းကဘာလို့များကျွန်ုပ်ကိုမှရွေးချယ်ခဲ့ရတာလဲတခါတလေချ...