Zawgyiအောက် အီး အီး အွတ်. . .
လင်းကြက်တွန်သံကြောင့်
မနက်ဝေလီဝေလင်း အာရုံတက်ချိန်
ရောက်လုပြီ....သူ့အတွက်တော့ ငရဲခန်းကျရောက်တော့မဲ့
အချိန်ပေါ့ ...ညစ်ပေနေသောအကျဉ်းသားဝတ်စုံဖြင့်
လဲကျနေသောသူ့ကိုဘယ်သူမှမသနား
ရွံစရာသတ္တဝါအဖြစ်သာ ကြည့်ကာ
နှာခေါင်းရှုံကြသည်။ချစ်ရသူကပါ မိမိအား ရွံစရာသတ္တဝါအဖြစ်
သတ်မှတ်ထားသောကြောင့် စိတ်ဒဏ်ရာ
သာမက နှလုံးသား ဒဏ်ရာကိုအပို
လက်ဆောင်ရသည် ။သူ့အတွေးတို့ကျယ်ပြန့်နေစဉ် ရဲမက်
တစ်ယောက် တံခါးဖွင့်ကာဝင်လာပြီး
သူအားဆွဲမသည် ။၁ပတ်တိတိအစာရေစာပြတ်ကာ
နှိပ်စက်ခံထားရသောသူသည်
စက္ကူရွက်လေးတစ်ရွက်လို
ထိုရဲမက်လက်ထဲသို့ လွယ်လင့်တကူ
ပါသွားသည်။လမ်းတစ်လျောက်မိမိဘဝအားတွေးမိပြီး
လှောင်ပြုံးတစ်ခုကိုသာဖန်တီးမိသည်...။အကျဉ်းထောင်အပြင်ဖက်ရောက်ချိန်
မှာတော့ မိုးလင်းအံ့ဆဲဆဲနဲ့ အပြာရောင်
ကောင်းကင်ကိုမော့ကြည့်မိသည်။ထိုကောင်းကင်ပြာအား
ဒီနေ့နောက်ဆုံးကြည့်မိခြင်းဖြစ်မည်..။
နောက်ဘဝလဲထိုကောင်းကင်ကိုထပ်တွေ့
ရနိုင်ပါ့မလား....။ရဲမက်ရဲ့ဆွဲခေါ်မှုကြောင့် သူရောက်သွား
တော့ အပြင်ဖက်ဘုရင်ပလ္လင်ရှေ့။သေမိန့်ကျပြီးသားလူမို့
ချစ်ခဲ့ရသူကိုသူ့အမိန့်မပါစွာ ဖူးမြော်လိုက်
တော့ တွေ့လိုက်ရသည် ခပ်တင်းတင်း
မျက်နှာထား ။"တယ် ဒီငမိုက်- "
ရဲမက်တစ်ယောက်ရဲ့ ဟန့်တားသံကို
လက်ပြကာ ရပ်စေပြီး"မသေခင် နောက်ဆုံးပြောချင်တာရှိလား ပတ်ခ် ဂျီမင် "
နှုတ်ခမ်းဖျားပါးပါးလေးကထွက်လာတဲ့
အသံဟာ သြဇာအာဏာအပြည့်ဖြင့်..။
သို့သော် ထိုလူသားအား သူရွံမုန်းခဲ့သည်။သူဘာစကားမှမဆိုမိကာ
ချစ်ခဲ့ရသူမျက်နှာကာ တစ်စိမ့်စိမ့်ကြည့်ကာ
ရင်ထဲ အချစ်အစား အမုန်းတို့အား
တိုးပွားစေမိသည်...။