Chapter 1

35.9K 1.5K 14
                                    

UNICODE

ရဲတပ်ဖွဲ့ဗိုလ်ကြီး-ယွမ်လဲ့ မင်း ဒီတာဝန်အတွက်သတိထားဖို့လိုတယ်။မင်းကလူသစ်တစ်ယောက်ဆိုရင်တောင် ဒီအဖွဲ့က မင်းကိုယုံကြည်တယ်!

လင်ယွမ်လဲ့-"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်တော်ဒီတာဝန်ကိုကျိန်းသေပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်!"
ရဲသားသစ်လေး၏ ပြင်းပြသောမျက်လုံးများသည် သူ၏ပထမဆုံးတာဝန်အတွက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

နောက်ဘက်မှ ရဲသားအစုအရုံးက သူတို့အကြားတီးတိုးပြောနေကြ၏။
"ဒီယွမ်လဲ့တော့ အစမှာတင် အမှန်တရားကိုရှာတွေ့မှာ မဟုတ်ဘူး အမှန်တရား..."

"'ဘယ်သူကသူလျှိုလဲ'ဆိုတဲ့ဂိမ်းကို မနိုင်သေးသရွေ့တော့ ပြောဖို့ခက်တယ်..."

နက်ရှိုင်းစွာ စိုးရိမ်နေရင်း လူတိုင်းသည် သူတို့၏ချွေးအားသုတ်လိုက်၏။

ဒါက လွန်ခဲ့သည့်သုံးလက ရဲဌာနတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယခု လင်ယွမ်လဲ့သည် တိကျသေချာသောစစ်ဆင်ရေးအောက်ခြေအဖွဲ့အစည်းတစ်ခု၏ ဝင်ပေါက်တွင်အလွန်စိတ်ပျက်စရာကောင်းစွာ ဆောင့်ကြောင့်ထိုင်နေ၏။
"ဟေး ယွမ်လဲ့ သွားစို့။ကာကွယ်ကြေးကောက်ဖို့အချိန်ကျပြီ"
လင်ယွမ်လဲ့သည် မျက်နှာရှည်တစ်ယောက်နောက် လိုက်သွားလိုက်၏။သူသည် အစက ဤလူများ၏ ဒုစရိုက်မှုသက်သေအထောက်အထားအား ဖော်ထုတ်နိုင်တော့မည်ဟုတွေးကာ လက်သီးအားပွတ်လိုက်ရင်း တကယ်စိတ်လှုပ်ရှားနေခဲ့၏။သို့သော်လည်း နောက်ဆုံးတွင်တော့...

"အိုး လဲ့လဲ့ လာပြီ။လာ လာ ဒီသခွားသီးကိုယူသွား အရည်ရွှမ်းပြီးအရသာရှိတယ်!"
ဟင်းသီးဟင်းရွက်သည် အန်တီလီသည် သခွားသီးထုတ်တစ်ထုပ်အား လက်ကမ်းပေးလိုက်၏။

လင်ယွမ်လဲ့သည် လွန်ခဲ့သည့်သုံးရက်အတွင်းလုပ်နေခဲ့သည့် အရာများအကြောင်းတွေးတောရင်း အံကြိတ်ကာ အထုပ်အားလက်ခံလိုက်၏။မနက်ခင်းများတွင် ဦးလေးကြီး၊အန်တီကြီးများအားဆိုင်ကူခင်းပေးကာ အတင်းပြောရင်း 'အိုး'ဟူသည့်အသံဖြင့် ကာကွယ်ကြေးကောက်၏။ဟင်းသီးဟင်းရွက်နှင့်သစ်သီးထုတ်အားကိုင်ထားရင်း အမျိုးမျိုးသောကုမ္ပဏီများထံ လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ရန်သွားလိုက်၏။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now