Chapter 6

6.8K 911 15
                                    

[Unicode]လင်ယွမ်လဲ့သည်အမှန်တကယ်တွင်အနည်းငယ်ကြောက်မိ၏။ထိုညကဘာကိုမှမမှတ်မိသော်လည်း သူ၏ခန္ဓာကိုယ်သည်အချိန်အတော်ကြာမသက်မသာဖြစ်ခဲ့၏။ယခုချိန်အထိမူးဝေနေဆဲ။

ယခုအခါ သူသည်ကြည်လင်နေသောယန်ယွမ်နှင့်အတူ လဲလျောင်းနေပြီး လင်ယွမ်လဲ့သည်အလွန်စိိတ်လှုပ်ရှားနေ၏။

သူတို့တကယ်ကြီး…ဒီည အဲ့တာကိုလုပ်ကြမှာလား?
သို့သော်လည်းသူသည်နာကျင်နေဆဲဖြစ်ကာ
ဤသည်ကသူ၏သူဌေးဖြစ်နေသည် အာာာာ။လင်ယွမ်လဲ့သည်သူ့ကိုယ်သူစောင်ထဲတွင်မြုပ်နှံကာ တဆတ်ဆတ်တုန်လာသည်အထိ ရေချိုးခန်းထဲမှရေစီးဆင်းသံကိုနားထောင်နေ၏။

ယန်ယွမ်သည် ရေချိုးခန်းမှထွက်လာသည်နှင့် အိပ်ယာထဲတွင်စိတ်ပျက်လက်ပျက်လှဲနေသောသူ့အားတွေ့လိုက်၏။ရယ်စရာတွေ့သွားသကဲ့သို့ လမ်းလျှောက်သွားလိုက်ပြီး လင်ယွမ်လဲ့၏ပါးအားဆိတ်လိုက်၏။

“ဒါကဘယ်လိုမျက်နှာပါလိမ့်”

လင်ယွမ်လဲ့၏စိတ်နှလုံးကတုန်လှုပ်သွား၏။
ဤသည်က ပရောပရည်လုပ်ခြင်း၏အစဖြစ်သည်မို့လား လား လား။

“ဥက္ကဌယန် ကျွန်တော် ကျွန်တော်နေမကောင်းသေးဘူး”

တတ်နိုင်သမျှသနားစဖွယ်ချစ်စဖွယ်ကောင်းအောင်ပြောစမ်း။

ယန်ယွမ်သည်မျက်ခုံးတစ်ဖက်ပင့်ကာ စောင်များအားမ၍ ခြုံလိုက်၏။

ယန်ယွမ်ညဝတ်ဘောင်းဘီမဝတ်ထားပေ လင်ယွမ်လဲ့သည် သူ၏အနောက်မှလူထံမှစိုထိုင်းမှုနှင့်အပူဓာတ်အားခံစား၍ရပြီး ရှက်ရွံ့မှုကြောင့်ချက်ချင်းပေါက်ကွဲသွား၏။

“သက်တောင့်သက်သာမရှိဘူးလား? အဲ့လိုဆိုကိုယ့်ကိုပိုကောင်းအောင်လုပ်ခွင့်ပေး”

ထို့နောက်တွင် လင်ယွမ်လဲ့သည် အနောက်ကလက်မောင်းဆီမှ သူ၏ခါးကိုနှိပ်နယ်ရန်ဆွဲ၍ပွေ့ဖက်ခံလိုက်ရ၏။

!!!!!!!! လင်ယွမ်လဲ့သည်စိတ်ဗလာကျင်းသွားပြီး ဘာ...ဘာလုပ်ရမလဲ ထိုအရာကအနည်းငယ်အပန်းပြေသက်တောင့်သက်သာရှိသောကြောင့် သူ၏မျက်နှာအား ဥက္ကဌယန်၏ပွေ့ဖက်မှုထဲသို့မြုပ်နှံလုနီးပါးဖြစ်၏။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now