Chapter 4

7.7K 1K 23
                                    

[Unicode]

နောက်ပြီး ရိုးရိုးသားသားပြောရလျှင် ထိုလူ၏အိပ်ယာပေါ်သို့ရောက်ရန်အစီအစဥ်မှာ သူ့အားအရင်မူးအောင်တိုက်ပြီးနောက်မှ တူတူလှဲလိုက်ရုံသာဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် သူအများကြီးမမှတ်မိနိုင်ပေ သို့သော်လည်း လင်ယွမ်လဲ့သည် တစ်ခုခုကမှားနေပြီး တစ်စုံတစ်ခုကိုမှ မမှတ်မိကြောင်း အတိအကျသိရှိခဲ့၏။

"ဥ-ဥက္ကဌယန် မနေ့ညကကျွန်တော်အရက်မူးသွားတယ် ဟီးဟီး။ကျွန်တော်ကားမတော်တဆများဖြစ်ခဲ့တာလား?" အရာအားလုံးကနားလည်မှုလွဲခြင်းတစ်ခုသာ ဖြစ်နိုင် ဖြစ်နိုင်ရုံသာဖြစ်၏။!

"မဟုတ်ဘူး ကိုယ်တို့တူတူအိပ်ခဲ့ကြတာ"
ယန်ယွမ်သည် အားနာစိတ်မရှိ။

အဟား တကယ်တော့ အဲ့လိုပြိုကွဲသွားရုံပဲကိုး!

ယန်ယွမ်သည် ကလေးငယ်၏အမူအရာအား ရယ်ချင်စိတ်ကိုဖိနှိပ်လိုက်၏။သူတို့နှစ်ဦးလုံးက လူသားများဖြစ်နေပါလျက်နှင့် ဦးနှောက်နှစ်ခုကြားအကွာအဝေးက အဘယ်ကြောင့်အလွန်ဝေးကွာနေရသနည်း?

"ဟား ကောင်းပြီ အဲ့တာကောင်းပါတယ်။ကျွန်တော်ပြန်သင့်ရုံပဲမလား?"
လင်ယွမ်လဲ့သည် သူပြောနေသည့်အရာအားနားမလည်ပါချေ။ထိုအဓိပ္ပာယ်မရှိသောအရာအား လေပန်းလိုက်ခြင်းကြောင့် သူ​သည်​ပြိုလဲသွာ၏။

ယန်ယွမ်သည် သူ့အားအိပ်ယာထဲသို့ပြန်ထိုးသွင်းလိုက်ကာ စောင်ခြုံပေးလိုက်၏။ထို့နောင်တွင် သူ၏ပူဖောင်းလေးအား စနောက်လိုက်၏။
"ပြန်နိုင်လို့လား? ဟန်ဆောင်မနေပါနဲ့ တခုခုစားပြီးနည်းနည်းပိုနားလိုက်ဦး"

ယန်ယွမ်သည် ထိုသို့ပြောပြီးထွက်ခွာသွား၏။

ပြီးလျှင် မကြာမှီ၌ပြန်ရောက်လာသော်လည်း နံနက်စာတင်ထားသော လင်ဗန်းစားပွဲသေးလေးနှင့်ဖြစ်၏။လင်ယွမ်လဲ့သည် ငိုချင်နေသယောင်ခံစားလိုက်ရ၏။

"ဥက္ကဌယန် ခင်ဗျား ခင်ဗျားရဲ့အလုပ်သမားတွေကို တအားကောင်းကောင်းမွန်မွန်ဆက်ဆံလွန်းတယ်"

ကျွန်တော့်ကို အခွင့်အရေးယူထားတာဆိုပေမယ့် စခဲ့တာကကျွန်တော်ဆိုတော့ လျစ်လျူရှုပေးလို့ရပါတယ်။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now