Chapter 7

6.6K 983 43
                                    

[Unicode]လင်ယွမ်လဲ့သည်စိတ်ရှုပ်ထွေးနေ၏။
အဲ့တာကြောင့်ကလန်ကသန့်ရှင်းလာတာလား? အဲ့လိုဆို သူကဘာလို့ဒီမှာရှိနေရတာလဲ?

မဟုတ်ဘူး မဟုတ်ဘူး ပုံပြင်ရဲ့တစ်ဖက်တည်းကပဲနားထောင်မနေသင့်ဘူး။နောက်ဆုံးကျ ဥက္ကဌယန်က ကောက်ကျစ်တဲ့မြေအောက်လောကသူဌေးပဲ။

သို့သော်လည်း သူ၏ပျော်ရွှင်မှုသည် အလွန်သိသာနေပြီးလုံးဝဖုံးကွယ်ထား၍မရကြောင်းကို လင်ယွမ်လဲ့မသိခဲ့ပေ။ယန်ယွမ်သည် ကလေးငယ်၏ခေါင်းအားဖွကာ ပေါင်မှမှဖယ်လိုက်၏။

"ဒီအကြောင်းကိုသိတာမင်းအတွက်ကောင်းတာပေါ့။နောက်ကျအစည်းအဝေးတစ်ခုရှိတယ် အဲ့တာကအရမ်းပျင်းစရာကောင်းမှာဆိုတော့ မင်းကိုခေါ်မသွားတော့ဘူး။ပင်ပန်းလာရင် ခဏတဖြုတ်အနားယူနိုင်တယ်"
ယန်ယွမ်သည် ရုံးခန်းမှထွက်မသွားခင် မလိုအပ်ဘဲဇာချဲ့နေ၏။

လင်ယွမ်လဲ့သည် ယန်ယွမ်၏စားပွဲဘေးစွန်းတွင်ထိုင်နေရုံသာဖြစ်၏။စားပွဲပေါ်တွင် ယန်ယွမ်၏ကွန်ပျူတာရှိပြီး လိုရမယ်ရတစ်ခါလောက်မြန်မြန်ကြည့်လိုက်လျှင်အကောင်းဆုံးပင်!

မမျှော်လင့်စွာဘဲ လျှို့ဝှက်နံပါတ်ဖြင့်သော့မခတ်ထားပေ သူဌေးကတခြားသူများအပေါ်တကယ်ကိုယုံကြည်လွန်းသည် ကျွတ်စ် ကျွတ်စ်။လင်ယွမ်လဲ့သည်စာရွက်စာတမ်းဖိုင်ထဲသို့ချောချောမွေ့မွေ့ဝင်ရောက်သွား၏။

အမျိုးမျိုးသောဖိုင်များအားရှင်းရှင်းလင်းလင်းအမျိုးအစားခွဲထား၏။လင်ယွမ်လဲ့သည်လှည့်လည်ရှာဖွေနေပြီး ဖိုင်တစ်ခုက သူ့မျက်လုံးအားရုတ်တရက်ဖမ်းစားသွား၏။၎င်း၏ခေါင်းစဥ်သည် စာလုံးနှစ်လုံးတည်းသာ- လင် ယွမ်လဲ့

လင်ယွမ်လဲ့သည်မြန်မြန်စိတ်လှုပ်ရှားလာပြီး လက်တွေ့ကျကျတုန်လှုပ်နေသောလက်ကဖိုင်အပေါ်တွင်နှိပ်လိုက်ပြီး အကြောင်းအရာများသည် သူတစ်ခုပြီးတစ်ခုလှန်လှောကြည့်လိုက်သော စာရွက်စာတမ်းများနှင့်ဓာတ်ပုံများဖြစ်၏။

မိဘမဲ့ဂေဟာတွင်နေစဥ်က၊ကျောင်းတက်စဥ်ကနှင့် ထပ်ရှိသေးသည်က သူရဲတပ်ဖွဲ့တွင်ရှိစဥ်ကအချိန်ပါဝင်သော စာရွက်စာတမ်းများအကြောင်းဖြစ်၏။လင်ယွမ်လဲ့အရင်ကမြင်ပင်မမြင်ဖူးသည့်တစ်ချို့တစ်လေများလည်းရှိနေသည်။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now