XZIM 6

11.5K 1K 7
                                    


***လက်ရှိကိုပြန်ရောက်သွားပါပြီ။ အပိုင်း ၂ ကနေ ပြန်ဆက်မှာပါရှင့်။ လေးငယ် အရေးအသား လိုအပ်ချက်တွေရှိနေလို့ ဖတ်ရတဲ့သူတွေ ရှုပ်ကုန်မှာစိုးလို့ပါ***
🥰🥰🥰

————————————————————————-

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးတွေထဲ နှာခေါင်းချွန်ချွန်လေးက တရှိုက်မက်မက်နစ်မြှုပ်လို့။ တူနှစ်ကိုယ် အကြည့်ချင်းဆုံလို့ နမ်းရှိုက်ရမယ်ဆို ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်မလဲ။ အရှက်သည်းလွန်းသူလေးရဲ့ ရဲစွေးသွားမယ့် နားရွက်ဖျားလေးတွေ၊ အနီကဲသော ပန်းသီးလေးလို ပါးရဲရဲ လုံးလုံးလေးတွေ ... ချစ်မြတ်နိုးစွာ ကြည့်နေချင်စမ်းပါဘိ။

အဲ့ဒီအချိန် စူထော်လေးက ရှက်ရွံ့စွာနဲ့ သူ့ရင်ခွင်ထဲ ဇွတ်ဝင်ပုန်းလို့....

သူ့ရင်ဘက်ကို နှာခေါင်းလုံးလုံးလေးတွေ ပါးအိအိလေးတွေနဲ့ တတို့တို့ ထိ လို့....

ဘယ်လောက်များ ရင်ခုန်လှိုက်မောဖွယ်ကောင်းလိုက်မလဲ အချစ်ရယ်.........

အခုတော့ ရှောင်းကျန့်အဖြစ်က ကိုယ့်ယောက်ကျားကိုယ် နမ်းတာတောင် သူအိပ်သွားမှ ခိုးနမ်းရတဲ့အဖြစ်။ အချစ်ရေ... ကိုယ့်ကို ဘယ်တော့ပြန်ချစ်လို့ ဘယ်အချိန် ကြည်ဖြူနိုင်မလဲကွယ်။

————————————————————-

"အင်းးးးး" ရိပေါ် ပျင်းကြောတစ်ချက်ဆွဲရင်း နိုးလာသည်။ အမြဲလို ရိပေါ်ထက်စောနိုးလေ့ရှိတဲ့ ရှောင်းကျန့်ကဘေးမှာ ရှိမနေတော့။ မီးဖိုထဲမှာ Apron တကားကားနဲ့ မနက်စာပြင်ဆင်နေမှာပေါ့။ ရှောင်းကျန့်က ဒီလိုပါပဲ။ မနက်အစောထလို့ ပြေးမည်။ အအိပ်မက်တဲ့ ရိပေါ်ကတော့ ရှောင်းကျန့်နဲ့အတူ မနက်စောစော ထပြေးဖို့ ဘယ်တော့မှမတွေးပါ။ သူ ပြန်လာရင် ဖက်ထုပ် ဒါမှမဟုတ် ပေါက်စီပူပူလေးတွေဝယ်လာတတ်သည်။ အများအားဖြင့်တော့ အိမ်မှာပဲ မနက်စာကို သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်တတ်သည်။ ကျောင်းဖွင့်ရက်တွေမှာတော့ နေ့လည်စာကို သူတို့ ၂ ယောက် ကျောင်းမှာပဲဖြေရှင်းလိုက်သည်။ ညနေ ကျောင်းကပြန်လာရင်တော့ ရှောင်းကျန့်က ချက်တော့တာပဲ။ တတ်နိုင်သမျှ ရှောင်းကျန့်က ရိပေါ်ကို အပြင်စာတွေထက် သူကိုယ်တိုင် ချက်ကျွေးသမျှကို စားစေချင်သူ။ ရိပေါ် မက်မက်သက်သက်စားနေသည်ကို ကြည့်ပြီး တပြုံးပြုံးနဲ့ ကျေနပ်နေတတ်သူ။

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now