Unicode
ပါတီကျင်းပရာ ခန်းမထဲ ယှဉ်တွဲလျှောက်လာတဲ့ ရှောင်းလူကြီးမင်းတို့ စုံတွဲထံ ကင်မရာတွေအကုန်ဦးလှည့်လာတော့သည်။ အဖြူရောင် suit ဆင်တူနဲ့ တစ်မျိုးစီ ဆွဲဆောင်မှုရှိစွာ ချောမွေ့ခန့်ငြားလွန်းကြတဲ့ လူချောလေး ၂ ယောက်က Gods of the night ဆိုတာ ငြင်းမရတဲ့ အမှန်တရား။
Mr. Xiao က ညာဖက်လက်ကို စတိုင်ကျကျ ဘောင်းဘီအိတ်ထဲထည့်လို့ ဘယ်လက်က သူ့အမျိုးသားလေးရဲ့ ခါးသိမ်သိမ်လေးကို ထွေးပွေ့ လို့ လျှောက်လှမ်းလာဟန်က confident level so so high...
လုပ်ငန်းပါတနာတွေရဲ့ တဝိုးဝိုး တဝါးဝါး ချီးမြှောက်သံများ... အားလုံးရဲ့ အားကျတဲ့ အကြည့်များ ခြံရံလျက်..ရှောင်းလူကြီးမင်းက သူ့အချစ်ကလေးကို ပွေ့ချီမတတ်ဆွဲဖက်လို့ စင်ပေါ်တက်လှမ်းလာသည်။
"Good evening everybody!! အားလုံးပဲ သိပြီးသားဖြစ်ပေမယ့် ထပ်မိတ်ဆက်ပေးချင်ပါတယ်။"
ရှောင်းလူကြီးမင်းက ရိပေါ်ဘက်သို့ အပြုံးနဲ့ စိုက်ကြည့်ပြီး
"ဒါ ကျွန်တော့ရဲ့ အသည်းသက်ညှာ ကျွန်တော့ အမျိုးသား ဝမ်ရိပေါ်ပါ"
"Wowww.... Hi nice to meet you Xiao's life . Ha ha"
လက်ခုပ်သံများ စ နောက်နေကြတဲ့ ရှောင်းကျန့် မိတ်ဆွေတွေရဲ့ အသံတွေကြောင့် ရိပေါ် ရှက်လွန်းစွာ ခရမ်းချဉ်သီးလေး အသွင်ပြောင်းသွားပြန်လေပြီ။ သိပ်ရှက်ရင် နှာခေါင်းထိပ်လေးတွေ ပါးလေးတွေ နားလေးတွေ ရဲလာတတ်တဲ့ သူ့အချစ်ရဲ့ ပုံစံကို မြင်ချင်လွန်း လို့ ရှောင်းကျန့်က ရိပေါ် ရှက်အောင် အမြဲပြောချင် နေတော့ တာဖြစ်သည်။
"ဒီည ပါတီက လုပ်ငန်းသဘောမဟုတ်ဘဲ ရှောင်းလုပ်ငန်းစု မိသားစုဝင်အားလုံးကို ဂုဏ်ပြုတဲ့ ပွဲဖြစ်တာကြောင့် အားလုံး လွတ်လွတ်လပ်လပ်နေ ပြီး အတူပျော်ကြရအောင်ပါ... CHEERS!!!"
ရှောင်းကျန့်က ပြောရင်း သူ့ bodyguard ကမ်းပေးလာသော ရှန်ပိန်ခွက်ကို လှမ်းယူလို့ .. စင်အောက်က ပရိတ်သတ်တွေကလည်း ကိုယ်စီ အဖျော်ယမကာခွက်တွေ ကိုင်လို့ .. မသောက်တတ်တဲ့ ရိပေါ်လေးကတော့ လိမ္မော်ရည်ခွက်လေး ကိုင်မြှောက်လို့ အားလုံး အတူတူ ကမ်းပေ့ လုပ်လိုက်ကြပြီးတာနဲ့ တစ်ပြိုင်နက် တီးဝိုင်းများဆီမှ မြူးကြွတဲ့ DJ တီးလုံးသံများ ပေါက်ကွဲထွက်လာတော့သည်။
YOU ARE READING
Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)
FanfictionXiao Zhan is Mine (ရှောင်းကျန့်က ငါ့အပိုင်) ဆိုတဲ့ fan fiction လေးက အရမ်းချစ်ပေမယ့် ဖွင့်ပြောလေ့မရှိတဲ့ ... ခဏခဏ စိတ်ကောက် သဝန်တိုတတ်တဲ့ .. ဝမ်ကောက်ချိပ်လေးနဲ့ အရမ်းတွေချစ်တတ်လွန်းသလို သိပ်ချစ်တာတွေကိုလည်း လူမြင် သူမြင် ချပြတတ်တဲ့ ရှောင်းလူချောလေး...