XZIM Final (U+Z)

22K 1.3K 79
                                    

Unicode

ဒီနေ့က ရိပေါ်နဲ့ရှောင်းကျန့် တို့ ၂ ယောက်ရဲ့ 7th year Anniversary.

တက္ကသိုလ် ပထမနှစ်စတက်ကတည်းက မြင်မြင်ချင်း အတွေးတွေထဲစိုးမိုးလို့ ချစ်ခဲ့ရသူ။
ချစ်သူဘဝ မကြာလိုက်ရဘဲ ဒုတိယနှစ်ရောက်တော့ အိမ်ထောင်သည်ဘဝကို ရွေးချယ်လို့ အတူလျှောက်လှမ်းစေချင်ခဲ့သူ။

အတိတ်ကို ပြန်စဉ်းစားကြည့်ရင် ရိပေါ်က ခပ်ဆိုးဆိုးလေး။ ရှောင်းကျန့်အပေါ် အရမ်းကို ရစ်နိုင်လွန်း၊ ကောက်နိုင်လွန်း၊ သဝန်တိုနိုင်လွန်းသူဖြစ်သည်။

ရှောင်းကျန့်ကတော့ ရိပေါ် ဆိုးသမျှ ရစ်သမျှ အပြုံးမပျက်ရှိနိုင်သူ။ သိပ်ချစ်ကြောင်း တဖွဖွပြော၍ အချစ်တွေထုတ်ပြနိုင်လွန်းသူ။

တစ်ခုတော့ရှိသည်.... ရိပေါ်က ရှောင်းကျန့်ကို မင်းက ငါ့အပိုင်လို့ စကားနဲ့ အနိုင်ပိုင်းပြောတတ်ပေမယ့် ရှောင်းကျန့်ကတော့ အပြောနဲ့မဟုတ်ဘဲ ရိပေါ်ကို သူ့အပိုင် ဖြစ်ကြောင်းကို လူရှေ့သူရှေ့မရှောင် လက်တွေ့ပြတတ်သူဖြစ်သည်။

သူတို့ရဲ့ anniversary တိုင်းမှာ နှစ်ဖက်မိဘအစုံအညီနဲ့ ညစာ အတူစားကြမည်။ 

နေ့တစ်ပိုင်းလုံးကိုတော့ ၂ ယောက်တည်းရိုးရှင်းစွာဖြတ်သန်းရင်းပဲကုန်ဆုံးလေ့ရှိသည်။

ကျန်းချန် ယွီပင်း ဖန်ရှင်း ဟောက်ရွှမ်း ကျိရန် တို့တွေ အားတာနဲ့ တိုက်ဆိုင်ရင်တော့ သူငယ်ချင်းတစ်စု ခဏတာ ဆုံဖြစ်ကြမည်။ 

ဒီလိုရက်မျိုးမှာ တစ်ချိန်က သူတို့ ၂ ယောက်ရဲ့ ဆုံဆည်းရာ ကျောင်းတော်ကြီးဆီ သွားပြီး ကျောင်းဝန်းထဲမှာ လက်ချင်း တွဲလို့ လျှောက်လှမ်းကြမည်။ ဘာရယ်မဟုတ်ဘဲလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ပြုံးဖြစ်မည်။

အတိတ်နေ့ရက်တွေထဲက အတိတ်ခြေရာတွေကို ပြန်တူးဖော်ကြမည်။
ဟို အရင်အချိန်တွေဆီက အူယားစရာကောင်းသော စူပုပ်ပုပ်ကောင်လေး တစ်ယောက်နဲ့ သူ့နောက်ကို ဖဝါးထပ်မျှ တကောက်ကောက်လိုက်လို့ ပိုးပန်းတတ်တဲ့ လူချောလေးတို့ကို ပြန်ရှာကြည့်မိမည်။

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Donde viven las historias. Descúbrelo ahora