XZIM 8

11.2K 986 20
                                    

လော့ရန်သွားတဲ့ လေယာဉ်ပေါ်မှာ...

မနက်အစောကြီး ထ လာရတာကြောင့် ရိပေါ် မျက်လုံးတွေမှိတ်ထားလို့ လေယာဉ်ပေါ် ပြန်အိပ်ရန် ကြိုးစားနေတုန်း

"အချစ် အိပ်နေတာလား"

ရိပေါ် မကြားယောင်ပြုရင်း အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ရှောင်းကျန့် လည်း ခေါင်းလုံးလေးကို သူ့ပခုံးပေါ် အသာမှေးတင်စေရင်း လက်ကလေးတွေကို ဖွဖွလေး ဆုပ်ကိုင်ထားလိုက်သည်။

"ကိုယ်လေ အချစ်ကို ရင်ခွင်ထဲ ထွေးပွေ့ထားပြီး နေထွက်ချိန် နေဝင်ချိန်အလှတွေကို ခံစားချင်လိုက်တာ"

ရိပေါ် အိပ်နေတယ်ထင်ပြီး တတွတ်တွတ်ပြောနေတဲ့ရှောင်းကျန့်။ အဲ့ဒီလိုဆန္ဒတွေရှိတာ ငါ့ကို တိုက်ရိုက်ထုတ်ပြောတော့ ငါ အပျော်လွန်ပြီး သေသွားမှာစိုးလို့လား။ အဲ့မှာ ထင်ရာတွေတွေးနေလိုက် ..... ငါ ငြင်း လိုက်မှာ စိုးလို့ တို့ ... ငါ စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ တို့...

—————————————————————-

ရောက်ကတည်းက အမျိုးတွေကို လှည့်ပတ်နှုတ်ဆက်နေတဲ့ စူပုပ်ကလေးက ဆွေမျိုးတွေကြားမှာလည်း ဝမ်ချစ်မဝလေး။ ဟုတ်မှာပါ. ကိုယ်တောင် ဒီလောက်ချစ်နေတာ မင်းအဖိုးအဖွား ဦးလေး အဒေါ်တွေ ဝမ်းကွဲတွေ မင်းကိုချစ်ကြတာ ဘာဆန်းလဲနော်။

——-

"ရှောင်းကျန့်.. ထဦး... "

"ဟင်. အင်... ဘာလဲ ရိပေါ်.. ဘယ်နားနေမကောင်းလို့လဲ"

"ဘာမှမဖြစ်ဘူး။ ထ ပါ လို့ ဆို "

"ပြော အချစ်... "

နှုတ်ကသာပြောနေတာ မျက်လုံးကမဖွင့်လာသေးတဲ့ ရှောင်းကျန့်ကို ရိပေါ် စိတ်တိုတိုနဲ့  လက်ကိုဆွဲပြီး ကိုက်ထည့်လိုက်တော့သည်။

"အချစ်..." အခုမှ မျက်လုံးတွေ ပွင့်လာလေသူ။

"ခေါင်မိုးထပ်သွားရအောင် ထ "

ရှောင်းကျန့်က ထ ထိုင်ရင်း  စားပွဲပေါ်က နာရီကို လှမ်းဆွဲကြည့်နေသည်။

"မနက် ၃ နာရီကြီး အစောကြီး ရှိသေးတာကို။ ခေါင်မိုးထပ် ဘာသွားလုပ်မလို့လဲ အချစ်။"

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Donde viven las historias. Descúbrelo ahora