XZIM 7

11.1K 973 5
                                    

ရိပေါ် စောင့်နေရတာ စိတ်မရှည်ချင်တော့။ အပြင်ကော်ရစ်တာမှာ ရပ်နေရင်းက ရှောင်းကျန့်ရှိရာကို မှုန်ကုပ်ကုပ်နဲ့ လှမ်း ကြည့်လိုက်သည်။

ဘယ်လိုတွေတောင်ရယ်နေတာလဲ ရှောင်းကျန့်။ မိန်းကလေး ၆ ယောက်အလယ်မှာ အပြုံးတွေ ဖောဖောသီသီပေးနေတဲ့ ရှောင်းကျန့်ကို ရိပေါ် အတော်လေး မျက်စိနောက်နေပြီ။ group discussion လုပ်နေတာ လို့ နားလည်နေပေမယ့်လည်း ရိပေါ်လေး စိတ်မကြည်နေတော့ပါ။ တကယ်ဆို ဒီ အရယ်အပြုံးတွေက ရိပေါ်တစ်ယောက်တည်း အတွက်ပဲဖြစ်နေသင့်တာ။ မင်းက ငါ့အပိုင်ပါဆို ရှောင်းကျန့်...

"ဟွန့်" ရိပေါ် နှာခေါင်းထိပ်လေးကို အသာပွတ်နေရင်း နှာမှုတ်လို့ ရှုံ့မဲ့ပစ်လိုက်သည်။

"Canteen ကို ငါ တို့သွားနှင့်ပြီ ရစ်ပေါ်။ မင်း ရှောင်းကျန့်ကို စောင့်ဦးမှာမို့လား။ နေ့လည်ပိုင်း ငါတို့ group meeting ရှိလို့  မြန်မြန်စားရမှာ။ သွားနှင့်ပြီဟေ့ရောင်။"

ပခုံးကို လာဖက်ရင်းပြောတဲ့ကျန်းချန်ကို စိတ်ပေါက်ပေါက်နဲ့ တံတောင် နဲ့တွက်ပြီး ရုန်းဖယ်ပစ်လိုက်သည်။ အမြဲတမ်း ရိပေါ်ကို ရစ်ပေါ် လို့ ခေါ်လို့ ကြည့်မရပါဘူးဆို။ ဟောက်ရွှမ်းတို့အဖွဲ့က ဒီနေ့အပြီးတင်ရမယ့် assignment နဲ့ တိုင်ပတ်နေပြီးကျိရန်က နေ့လည် သွားစရာရှိလို့ အတန်းမတက်တော့ဘူး ဆိုပြီး ပြန်သွားနှင့်လေပြီ။ ရိပေါ်တို့ အဖွဲ့ကတော့ ဒီမနက်မှာပဲ assignment ကို ဆရာ့ဆီအပ်ပြီး လို့ စိတ်လွတ်ကိုယ်လွတ်။ ရိပေါ်တို့အဖွဲ့က ယောက်ကျားလေးတွေချည့်မို့ ဘာ grade ရရ ဆိုပြီး နားအေးပါးအေးပြီးသွားတာဖြစ်သည်။ မိန်းကလေးတွေပါတဲ့အဖွဲ့တွေသာ deadline နေ့ထိ ဘာတွေ အလှဆင်နေမှန်းမသိ မပြီးနိုင်မစီးနိုင်။ တွေးရင်း ရှောင်းကျန့်ဆီ အကြည့်တွေရောက်တော့ ပစ်ကျချင်စရာ အပြုံးကြီးကြီးတွေနဲ့ ။ အဖွဲ့ထဲက မိန်းကလေးတွေလည်း စာလုပ်နေတာလား၊ ရှောင်းကျန့်ကိုငမ်းနေတာလား။ ရိပေါ်ဒေါသတွေရဲ့ ဦးတည်ရာက အနားက ကျန်းချန် ယွီပင်း ဖန်ရှင်းတို့ဆီဦးလှည့်လို့ ပေစောင်းစောင်း ကြည့်လိုက်မိသည်။

"ကြွ ကြွ... နားငြီးတယ်"

"အေး ကြွပြီ သားကြီး။ ငါ့သူငယ်ချင်းကို ရစ်ပြီး နိုင်စားမနေနဲ့ဦး ဟား ဟားးး"

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now