ဖတ်လက်စစာအုပ်ကိုပိတ်ကာ ဘေးပတ်ဝန်းကျင်ကိုတချက်ကြည့်လိုက်သည်။
"ဟူး...."
Harry Potter and the deathly Hollows Part 2 ကိုဖတ်ပြီး ရင်ထဲတမျိူးခံစားလိုက်ရသည်
J.k ရဲ့ ပြောင်မြောက်လှတဲ့အရေးအသားနဲ့အတွေးအခေါ်ကို တကယ်မချီးကျူးပဲမနေနိုင်ပါ
ဇာတ်လမ်းတလျှောက်လုံး Professor Snape ကို Villian အနေနဲ့မြင်လာပြီးမှ နောက်ဆုံးပိုင်းမှာ အကုန်လုံးရဲ့ နှလုံးသားတွေကြေမွအောင် လုပ်ပြစ်နိုင်သည်။"လွန်းတိမ်
နင်အဲ့စာအုပ်ကို ပြန်ဖတ်နေတာဘယ်နှစ်ခေါက်ရှိပြီလဲ"စဥ်းစားခန်းဖွင့်နေတုန်း အမေ့ရဲ့ အော်သံကိုကြားရပါပြီ
"ဘာလို့လဲ အမေရယ်
သားကြိုက်လို့ဖတ်နေတာကို""နင်အဲ့စာအုပ်ဖတ်ပြီး ရူးနေတာရပ်တော့ ဘာလဲကလေးလည်းမဟုတ်ပဲ Harry Potter စာအုပ်ပဲဖတ်နေတယ်"
အိမ်မှာအမေနဲ့ လွန်းတိမ် မတည့်ရတဲ့အဓိကအကြောင်းအရင်းက အဲ့တာပါပဲ Harry Potter ကိုကလေးတွေပဲကြိုက်တယ်လို့ထင်နေတဲ့ အမေနဲ့ Potterhead ဖြစ်နေတဲ့ လွန်းတိမ် နေ့တိုင်းနီးပါး ပြဿနာတက်ကြတယ်
"အမေ့ကို သားဘယ်နှစ်ခါပြောရမလဲ Harry Potter က ကလေးဖတ်တဲ့ဟာ မဟုတ်ပါဘူးဆို"
"ငါ့ကိုငြင်းဖို့မကြိုးစားနဲ့
သွား ရေချိူးခန်းသွားဆေးချေ""ပြီးရော ဒါလေးခိုင်းဖို့ကို ဘာမှမဆိုင်တဲ့ Harry Potter ကိုလာဆွဲထည့်နေတယ်"
"ဟဲ့ နင်ပွစိ ပွစိနဲ့ အတင်းပြောမနေနဲ့"
အမေခိုင်းတဲ့အလုပ်ကိုလုပ်ဖို့ စာအုပ်ကို အိပ်ရာပေါ်ထားခဲ့ပြီး ရေချိူးခန်းဆေးရန် စတင်တော့သည်။
ကျွန်တော့်နာမည် လွန်းတိမ်လွှာပါ အသက်ကတော့ ၁၆နှစ်ပေါ့ ဆယ်တန်းဖြေထားလို့ လုပ်စရာအလုပ်လည်းမရှိပါဘူး အိမ်မှာအားနေရင် စာအုပ်ဖတ်ရင်းအချိန်ကုန်တယ် ကျွန်တော်ဘာစာအုပ်ဖတ်လဲတော့ မမေးပါနဲ့ ကျွန်တော်စိတ်ဝင်စားတာမှန်သမျှအကုန်ဖတ်ပါတယ် ကျွန်တော်ကငယ်ငယ်ထဲက Harry Potter ကိုရူးသွပ်သူတစ်ယောက်ပါ J.K ရဲ့လက်ရာကြောင့်လဲပါမှာပေါ့
YOU ARE READING
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...