Zawgyi
'အမေသားသွားတော့မယ်နော် ကျန်းမာရေးလဲဂရုစိုက်ပါပြီးတော့ တစ်ခုခုဆိုသားကိုဖုန်းဆက်လိုက်နော် '
'အင်းပါသားရယ် မင်းလဲဂရုစိုက်နော် ဆိုလ်းရောက်ရင်အမေ့ကိုဖုန်းဆက်အုန်း လိုအပ်တာတွေလဲထည့်ပြီးပြီလား?အကုန်ပါရဲ့လား ?အမလေး လာပါအုန်းငါ့သားလေးjiminလေးကို ဖတ်ထားပါရစေအုန်း '
အခုလိုသားအမိနှစ်ယောက်အလွမ်းသည်နေရတာအခြားမဟုတ် သားဖြစ်သူဆိုလ်းကကုမ္မဏီတစ်ခုမှာအလုပ်ရလို့
မွေးရပ်မြေဘူဆန်ကနေဆိုလ်းမြို့ကြီးဆီသွားရမှာကြောင့်ရယ်ပါ သားကိုမသွားစေချင်ပေမဲ့ သားကသူ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ အမေနဲ့သားဒီထက်မကကောင်းကောင်းနေနိုင်အောင်လို့ပါဆိုပြီး အမြဲပြောနေတော့သားဆန္ဒကိုထပ်ပြီးမငြင်းပယ်တော့ပဲ လွှတ်လိုက်ရခြင်းအမေ့ကိုနှုတ်ဆက်ပြီး အိတ်ကိုဆွဲကာကားဂိတ်ကိုထွက်လာခဲ့တယ် တစ်ကယ်တော့အမေ့ကိုတစ်ယောက်တည်းထားခဲ့ချင်တာမဟုတ် ပျော်ရာမှာမနေတော်ရာမှာနေဆိုသလိုမျိုးပဲပေါ့ ဘဝကပြည့်မှမပြည့်စုံပဲ အမေ့ကိုကောင်းကောင်းမွန်မွန်နေစေချင်တာကြောင့် အခုလိုဆုံးဖြတ်ချက်ကိုချလိုက်ရတယ်
ကံကောင်းတယ်ပဲပြောရမလား အင်တာနက်ကနေအလုပ်ရှာနေရင်း အခုလိုအလုပ်ကိုရခဲ့တာပဲ ဟိုဘက်လူကဘယ်သူဘယ်ဝါဆိုတာတော့မသိဘူး ဆိုလ်းရောက်ရင်သူစောင့်ခိုင်းတဲ့နေရာကနေစောင့်ပါတဲ့ လာခေါ်မယ်လို့တော့ပြောတာပဲ ကျွန်တော်မှဆိုလ်းကိုတစ်ခါမှမရောက်ဖူးပဲဆိုလ်းသွားမည့်ကားလည်းရောက်လာတော့ကျွန်တော့်အတွေးတွေကိုရပ်လိုက်ပြီးကားပေါ်တက်လာခဲ့တယ် ကားလက်မှတ်လေးပြပြီးဝယ်ထားတဲ့နေရာမှာထိုင်ရင်း ဟိုရောက်ရင်အစစအရာရာအဆင်ပြေပါစေလို့သာဆုတောင်းနေလိုက်တော့တယ်
🐥🐥🐥🐥🐥
'ကိုကို ဘာဖြစ်နေတာလဲဒီနေ့စိတ်မပါသလိုပဲနော်'
မုန်းစရာကောင်းလောက်တဲ့ပျစ်ချွဲချွဲအသံ
'အင်း ဟုတ်တယ်ငါဒီနေ့စိတ်မပါဘူး အဲ့ဒီတော့မင်းလဲသွားတော့ ငါမမြင်ချင်တော့ဘူး'
'ကျွန်မကဘာလို့ဒီအတိုင်းသွားရမှာလဲ jeon jungkook shiii'
'ဒုတ်'
'ရော့ အဲ့မှာငါအခုစီးလာတဲ့ကား ယူပြီးသွားလိုက်တော့ ပြီးရင်တော့ထက်ပြီးဆက်သွယ်မလာနဲ့'
စောနကမျက်နှာထားတင်းတင်းနဲ့ မာရေကျောရေပြောနေတဲ့မိန်းကလေးက ကားသော့လဲမြင်ရော ချက်ချင်းမျက်နှာကြီးပြုံးပြီး သော့ကိုယူကာ ချက်ချင်းလှည့်ထွက်သွားတယ်