Zawgyi
'ဟဲလို အတွင်းရေးမှူးjoon'
'ဟုတ်ကဲ့CEO jeon '
'သန့်ရှင်းရေးနဲ့ဝန်ဆောင်မှုဌာနဘက်မှာ ပြသာနာတက်နေ
တယ်ထင်တယ် တစ်ချက်လောက်သွားကြည့်ပေးပါအုန်း'
'ဟမ် ဟုတ်လားဒါပေမဲ့ အဲ့အထက်ကမန်နေဂျာရှိယ်လေ ဘာလို့ကျွန်တော်ကသွားကြည့်ရမှာလဲ'
'စကားများလိုက်တာ သွားကြည့်ပေးပါဆို'
'ဘယ်လိုပြသာနာလဲ သိလို့ရမလား CE...'
'အားးးးး အတွင်းရေးမှူးjoon သွားကြည့်ဆိုသွားဗျာ စိတ်တိုလာပြီမေးခွန်းတြွေပန်မေးနေတယ် Jimin နဲ့ပတ်
သတ်လို့ဟုတ်ပြီလား အဲ့တာကြောင့်ဘယ်လိုအခြေနေရှိလည်းသိချင်လို့ ကျွန်တော်ကကိုယ်ထင်ပြလို့မရဘူးလေ
သိရဲ့သားနဲ့ မြန်မြန်သွားပေးပါဗျာ'
'အော် အဲ့တာကြောင့်ကိုးး သိပါပြီ CEO jeon'
ဖြစ်နိုင်ရင် ကိုယ်တိုင်သွားချင်ပေမဲ့ လူအများမသိသေးတဲ့
CEOလေ ရှေ့ထွက်မပြရဲသေးဘူး ပြီးတော့CEOဆိုတာကိုလည်းjiminကိုမသိစေချင်ဘူး အဝတ်အစားအမြန်ဝတ်ပြီး စိတ်မချချင်းများစွာနဲ့ရုံးခန်းဆီပဲသွားလိုက်တယ်*****
Jimin နဲ့ Hosekတို့နှစ်ယောက်နှင့်အခြားအကူနှစ်ယောက်ကိုခေါ်ကာအခန်းကိုအမြန်ဆုံးပြင်ဆင်လိုက်ကြသည်။ထိုVVIPဆိုတဲ့လူကjiminကိုအတင်းတွေ့ချင်တယ်ဆိုတာနဲ့ ဌာနသို့အပြေးလေးလာလိုက်ရသည် စိတ်ထဲတွင်လည်းစိုးရိမ်ခြင်းများစွားနှင့် ဌာနသို့ရောက်တော့
အခန်းထဲတွင် အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ဝတ်စားထားတာလည်းခေတ်ဆန်သလိုနေကာမျက်မှန်အနက်နှင့်ဆံပင်တိုတိုကိုလိုက်ဖက်စွာ ဆင်ထားသည် ပုံစံမှာနိုင်ငံခြားသူတစ်ယောက်ကဲ့သို့ ခြေတစ်ဖက်ကိုတစ်ဖတ်သို့ချိတ်ကာ ကျော့မော့စွာထိုင်နေတဲ့သူမက ကျွန်တော်ဝင်လာတာမြင်တော့ မျက်မှန်ကိုအောက်လျော့ကာ ကြည့်ရင်း
'မင်းလား jiminဆိုတာ'
'ဟုတ် ဟုတ်ပါတယ် ကျွန်တော်တောင်းပန်ပါတယ် အမှားလုပ်မိပါတယ်'
'ကျွန်မလည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ် ကျွန်မရဲ့ပေါ့လျော့မှုကြောင့်ပါ'
'အေး သိရင်ပြီးတာပဲ ငါ့ကိုပင်းပန်အောင်လုပ်တယ် ငါဘယ်သူဆိုတာနင်တို့မသိဘူးလား ဟမ်'
'ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်'
'အေး ငါကိုယ်တိုင်ဥက္ကဌကြီးဆီသွားပြီးမင်းကို အလုပ်ဖြုတ်ခိုင်းလို့ရတယ်ဆိုတာသိလား'
'ဗျာ အလုပ်ဖြုတ်မယ် တောင်းပန်ပါတယ်အလုပ်တော့မဖြုတ်ပါနဲ့'
'ကျွန်တော်လည်းတောင်းပန်ပါတယ် jiminကိုခွင့်လွှတ်ပေးပါ'
အလုပ်ဖြုတ်မည်အသံကြားတော့ ဟိုဆော့လည်းမနေနိုင်
ပဲ ထပ်ပြီးjiminအစားတောင်းပန်ပေးရတော့သည်
Jiminလည်း မျက်ရည်တွေဝဲနေကာ စကားတောင်ထပ်မပြောနိုင် ပြီးမှထိုမိန်းကလေးဆီမှ
'ကောင်းပြီ ဝိုင်းပြီတောင်းပန်နေမှတော့ခွင့်လွှတ်ရမှာပေါ့
ပြီးတော့ မင်းကချစ်စရာကောင်းနေလို့ ထပ်ပြီးခွင့်လွှတ်ပေးမယ် အခုငါအနားယူဖို့သွားမယ်လိုက်ပို့ bye bye
ဟိုကောင်လေး'
ကျေးဇူးတင်ပါတယ်ဆိုသောစကားကို အသံအက်အက်နှင့်ထွက်သွားခဲ့သည် ထပ်ပြီးခေါင်းဆောင်နှင့်အစ်ကိုဟိုဆော့
ကိုတောင်းပန်စကားဆိုကာ ရင်ထဲမှာလည်းအရမ်းဝမ်းနည်းပြီးငိုချင်တာနဲ့ အရေးပေါ်ထွက်ပေါက်ဘက်သို့ ထွက်
လာခဲ့လိုက်သည်