Zawgyi
စိတ်တိုတာရော သဝန်တိုတာရော ရောယှက်နေတဲ့ခံစားချက်ကြီးကို ဖြေဖျောက်ဖို့ jungkookတစ်ယောက်ဦးတည်ပြီးသွားနေတာက Barသို့။Taehyungရှိရာ club
သို့သွားမည်ဟုကြံလိုက်ပေမဲ့ Clubဆိုလျှင်ဆူညံနေပြီး
Taehyungခေါ်ထားသည့်မိန်းကလေးများနှင့်လည်းတွေ့ရအုန်းမည်။ဤသည်ကား ပို၍စိတ်ရှုပ်စေမှာ အမှန်ဤအချင်းအရာကြောင့် မသွားဖြစ်ခဲ့။ဒီနေ့ခေါင်းမထောင်နိုင်အောင်သောက်မည် အဲ့ဒါဆို မင်းကိုဒီနေ့တစ်ရက်တော့မေ့
ထားနိုင်တယ်မလား Jimin Shiii.*****
ကျွန်တော်ရောက်လာတာနှင့် ပို၍ငိုလာသောကောင်လေး
အားရင်ခွင်းထဲဆွဲထည့်ကာ ကျောလေးအားအသာပွတ်ပေးရင်း ချော့ပေးလိုက်သည်။ဘယ်လောက်တောင်ဝမ်းနည်
းသွားမလဲသိပါတယ်အဲ့တာကြောင့် ငိုပါ မင်းစိတ်ကြိုက်ငို။
'Yoongi Hyung' ရှိုက်သံလေးနှင့်ခေါ်လာသည့်သူ
'အွန်း Jimin ငိုလို့ဝပြီလား'
'ဟုတ် တောင်းပန်ပါတယ် Hyung'
'Jimin ကဘာလို့တောင်းပန်နေတာလဲ'
'Hyungကိုအလုပ်ရှုပ်စေမိလို့ပါ'
'အဲ့တာကြောင့်ဆိုရင် မတောင်းပန်ပါနဲ့ ဘာလို့ဆို Hyung အတွက်အလုပ်မရှုပ်စေလို့ပဲ'
'ပြီးတော့ကျေးဇူးလည်းတင်ပါတယ်'
'ဟာ Jiminရေ မင်းဟာကတောင်းပန်လိုက်ကျေးဇူးတင်
လိုက်နဲ့ ရပါတယ်ဆိုကွာ အခုငိုလို့ပြီးပြီမလား 'ထ'လာ
သွားရအောင်'
'ဟုတ်'
'နေအုန်း'
'ဘာလို့လဲ hyung'
'ရော့ သုတ်လိုက်အုန်းနှပ်တွေမျက်ရည်တွေ ကလေးကျနေတာပဲ ဒီတိုင်းသွားမယ်လို့စိတ်ကူးနေတာလား'
'အာ Hyungကလည်း'
Hyungပေးလာတဲ့ လိုက်ကိုင်ပါလေးကိုယူပြီး သန့်ရှင်းလိုက်သည်။ဌာနသို့အတူတူလျှောက်လာရင်း စိတ်ထဲမှာပြောမိနေတာက 'ကျေးဇူးတင်တယ်ဆိုတာကျွန်တော်လိုအပ်တဲ့အချိန်တိုင်းHyungကရောက်လာပေးလို့ပါ။''အာ မန်နေဂျာMin လိုက်ပို့တာပါလား'
'ဟုတ်တယ် ဟိုဆော့'
'အစ်ကိုဟိုဆော့ တောင်းပန်ပါတယ်'
'jimin ya ငါတို့ကတောင်းပန်ရမယ့်သူတွေလား။ဘယ်လိုလဲအခုနေလို့ကောင်းသွားပြီလား။'
'ဟုတ် အစ်ကိုဟိုဆော့'
'ကျွန်တော်တို့ကို ခွင့်ပြုပါအုန်း မန်နေဂျာမင်'
'ကောင်းပါပြီ'
နှုတ်ဆက်ပြီးထွက်သွားတဲ့နှစ်ယောက်ကို အတန်ငယ်ရပ်ကြည့်နေမိသည်။ဒါနဲ့jiminမှားပြီးဝင်ခဲ့တဲ့ အခန်းကဘယ်သူ့အခန်းလဲ?ထိုသူကထပ်ပြီး ပြသာနာမရှာလို့တော်ပါ
သေးတယ်။