part 2

324 23 2
                                    

Zawgyi

'တီ တီ တီ'

မှတ်တိုင်မှာထိုင်ပြီးငိုနေတဲ့ကျွန်တော့အရှေ့ကိုထိုးလာတဲ့ ကားမီးနဲ့ ဟွန်းတီးသံကြောင့် ကားရှိရာကိုလှမ်းကြည့်လိုက်တယ်ထို ကားထဲမှလူတစ်ယောက်ထီးလေးဆောင်းပြီး
ကျွန်တော့်ဆီကိုလျှောက်လာရင်း
'ကောင်လေး ကောင်လေး'
'ဘာလဲ သူငါ့ကိုခေါ်နေတာလား'
ကိုယ်ကလည်းမသိတာမို့ ပြီးတော့ကြောက်လဲ‌ကြောက်တာနဲ့ ထိုလူခေါ်တာက်ုမကြားချင်ယောင်ဆောင်နေလိုက်တယ်
'ကောင်လေး မင်းကိုခေါ်နေတာပါ'
'အော် ဗျာ ဟုတ်ဟုတ် ကျွန်တော်လား?'
'ဒီနားမှာမင်းနဲ့ငါနဲ့ပဲရှိတာလေကွာ မင်းကိုခေါ်တာပေါ့
ဘယ်သူ့ကိုစောင့်နေတာလဲ?အဖော်တွေပါလား?ပြီးတော့ဘာလို့ငိုနေတာလဲ?
'ဟို ဘာဘာလို့လဲဟင်?'
မေးခွန်းတွေဆက်တိုက်မေးနေသောထိုသူအား ဘယ်ကစ‌ဖြေရမြန်းမသိတာနဲ့ ဘာလို့လဲဟုသာပြန်မေးလိုက်ရင်းထိုင်နေရာမှ ထလိုက်ပြီးထိုသူအားသေချာကြည့်လိုက်မိတယ် လူကောင်းလို့ထင်ရတယ်ပြီးတော့ဖြူဖွေးနေတဲ့အသားရေနဲ့ သန့်ပြန့်နေတယ်လူကြီးလူကောင်းပုံစံ
'ဘာမှမဟုတ်ပါဘူး အကူညီလိုလားမေးမလို့ပါ စကားပြောပုံကြည့်ရတာတော့ အကူညီလိုပုံမရဘူးထင်တယ်
Sorryပါနော် သွားလိုက်ပါအုန်းမယ်'
'ဟို ဟို အဲ့လိုမဟုတ်ပါဘူး တကယ်တော့ကျွန်တော်အကူညီလိုပါတယ်'
ထိုသူက သွားတော့မယ်ဟုပြောမှ တွေးလက်စကိုရပ်လိုက်ပြီး အကူညီလိုတယ်ဟုသာပြန်‌ဖြေလိုက်မိတယ်
ဟုတ်တယ်လေ ကျွန်တော်လည်းတစ်ကယ်ပဲအကူညီအရမ်းလိုနေတယ်မလား
'အင်းကွာ အဲ့တာဆိုလဲကားပေါ်တက် မိုးတွေကအရမ်းရွာနေ‌တော့စကားပြောရတာအဆင်မပြေဘူး ကားပေါ်ကျမှမင်းအခက်ခဲကိုပြောပြကွာ လာလာ'
ကားအနောက်ဖုံးထဲ အိတ်ကိုထည့်ကာ ထိုလူနှင့်အတူကားအရှေ့ခေါင်းထဲထိုင်လိုက်သည် သူကအရင်စကားစကာ'မင်းဘယ်သွားမှာလဲ ဘယ်ကိုလိုက်ပို့ရမှာလဲ?'
ထိုမေးခွန်းတွေကို‌ဖြေဖို့ကျွန်တော်မှာအားမရှိ ဘာမှမသိဘယ်မှသွားစရာမရှိတဲ့ကျွန်တော်အဖြစ်ကတကယ့်ကိုဆိုးပါတယ် ဘာမှမ‌ဖြေပဲခေါင်းငုံ့နေလိုက်တယ်
'မင်းသွားစရာမရှိဘူးလား ကြည့်ရတာ ဆိုလ်းကမဟုတ်ဘူးထင်တယ်'
'ဟို ကျွန်တော် ဂြီ ဂြီ ဂြီ'
စကားပြန်ပြောမယ်အလုပ် အလိုက်မသိတဲ့ဗိုက်ကထမြည်လာတယ်
'ကောင်းပါပြီ ဆိုင်တစ်ဆိုင်မှာဝင်ပြီးအေးအေးဆေးဆေးပြောကြတာပေါ့' ဟုဆိုကာ ကားကိုမောင်းလာခဲ့တယ်

All of my lifeWhere stories live. Discover now