Part 7

210 22 2
                                    

Zawgyi

ဘာလိုလိုနဲ့ ကျွန်တော်တောင် yoongi hyungဆီမှာနေတာ ဒီနေ့နဲ့ဆိုတစ်လတောင်ရှိပြီ နေသားကျနေပါပြီ
ပြီးတော့ဒီနေ့က လစာထုတ်ရမဲ့ရက်လေ ပထမဆုံးလစာရတော့မည်ဆိုတော့ တော်တော်လေးစိတ်လှုပ်ရှားပြီးပျော်မိတယ်
'Jimin ရောက်ပြီလေ ဘာတွေတွေးပြီးပြုံးနေတာလဲ'
'အာ ဟုတ်သားပဲ😁'
ကိုယ့်အတွေးနဲ့ကို ပျော်နေတာ အလုပ်ရောက်တာတောင်မသိလိုက်ဘူး
'ဟို ဒီနေ့ကလစာထုတ်ရက်လေ hyung ဟီးဟီး'
'အော် အဲ့တာကြောင့်ကိုး😅'
'ဟုတ်ပါပြီ ဒါဆို hyungသွားပြီနော်
တစ်ကယ်ပါဘယ်လိုကောင်လေးလဲ လစာရတော့မှာမို့တွေးပြီးပျော်နေသတဲ့ ရီနေလိုက်တာများမျက်လုံးလေးတွေ
တောင်ပျောက်သွားတယ် မင်းကအရမ်းချစ်စရာကောင်းတာပဲ park Jimin 🐥

‌ခြေလှမ်းတွေမြှောက်ကြွ‌မြှောက်ကြွနဲ့ ဟိုတယ်ထဲကိုဝင်လိုက်တဲ့အချိန်မှာပဲ မြည်လာတဲ့ဖုန်းသံ contactကိုကြည့်လိုက်တော့ စောနကပျော်နေတဲ့အပျော်တွေဟာကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ် ခေါင်းကိုတစ်ချက်ခါရင်း အစိမ်းရောင်မီးလေးကို ဘေးကိုဆွဲလိုက်တယ်
'ဟဲလို'
' ဖုန်းကိုင်တာနောက်ကျတယ်နော် ဘာလဲ မသိချင်ယောင်ဆောင်မလို့လား'
(ဟုတ်ပါတယ် အဲ့တာသိန်း၅၀၀)
'အဲ့လိုမဟုတ်ပါဘူး'
'တစ်လပြည့်ပြီလေ လာရော်လှည့်တော့'
'ဟို အဲ့တာကလေ ညနေမှလစာရမှာမို့ ညကျမှလာပေးလို့မရဘူးလား'
'မရပါဘူး'
'အမ် ဘာလို့လဲ '
'ခင်ဗျားပဲ တစ်လလို့ပြောတာလေ နေ့တွေညတွေမပြောဘူး အဲ့တော့အခုလာပေး'
'ဒီမှာ ခင်ဗျားမလွန်လွန်းဘူးလား လစာမထုတ်ရသေးဘူးလို့ပြောနေတာကို'
'အင်း မလွန်ပါဘူး'
'ခင်ဗျားနော် ခင်ဗျား အဲ့လောက်ကြီးထိမ....'
'Jungkook ကိုယ့်နာမည် Jeon Jungkook'
စိတ်တိုတိုနှင့်ရန်ထောင်မည်မလုပ် စကားများပင်မဆုံးခင် ပြောလိုက်တဲ့ထိုသူကြောင့် စကားတွေပင်ပျောက်ကုန်တာ
ကြောင့်
'အဲ့တာဘာလုပ်ရမှာလဲ'
'ခင်ဗျား ခင်ဗျားနဲ့ခေါ်နေလို့လေ နာမည်ရှိတယ်လို့ပြောပြတာ'
'ဟုတ်ပါပြီ Jeon jungkook shii ညကျရင်ကျွန်တော်သေချာပေါက်လာပေးပါ့မယ်'
'ကောင်းပြီလေ ဘယ်အချိန်လဲ ကိုယ်ကအားတာမဟုတ်
ဘူး'
'ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်'
'နာမည်ဘယ်လိုခေါ်လဲ ခင်ဗျား'
'အော် Jimin Park Jiminပါ'
'ကောင်ပြီ park Jimin shii ဖုန်းကိုစောင့်နေမယ်'
'တီ '
ဖုန်းခေါ်ဆိုမှုပြီးသွားတာတောင် ဖုန်း screenကိုကြည့်ပြီးအချိန်အတော်ကြာပြုံးလိုက်မိတယ် အသေးလေးခင်ဗျားနာမည်ကPark Jiminတဲ့လား ဒီလအတွင်းကိုယ့်ကိုကိုယ်ပြောင်းလဲလာတယ်လို့ထင်တယ် အဲ့အသေးလေးအကြောင်းကိုမတွေးဘဲမနေနိုင်ခဲ့ဘူး ဘယ်ကနေဘယ်လိုသူ့ကိုကစားရမလဲ တွေးသလောက်အကြံတွေထွက်မလာခဲ့ဘူး အဲ့တာကြောင့်လကုန်တဲ့အချိန်စောင့်နေခဲ့တာ😅
ကြားထဲကရက်တွေမှာ သူမသိအောင်လိုက်ချောင်းကြည့်ဖြစ်တယ် ပြီးတော့Taehyungမိတ်ဆက်ပေးတဲ့ကောင်
မလေးတွေကိုစိတ်မပါတော့ဘူး ဒါပေမဲ့အပျင်းပြေတော့ကစားတယ် clubကတော့ပုံမှန်တက် တစ်ရက်မသွားရရင်စားမဝင်အိပ်မပျော်ဘူး မူးလာရင်အသေးလေးကိုနေရာတိုင်းမှာတွေ့နေရသလိုပဲ clubထဲကလူ‌တွေကိုအတင်း‌တွေလိုက်ဆွဲပြီးသိန်း၅၀၀ရော်ပေး ဆိုပြီးရူးကြောင်ကြောင်တွေလည်းလုပ်မိတယ် ဒါကိုတော့သူသိလောက်မည်မထင် ငထယ်ကတော့ဆေးမမှီတော့ဘူးလို့ပြောတာပဲ
ဒီလိုတြွေဖစ်နေတာဘာကြောင့်လဲ jiminဆိုတဲ့အသေးလေးကိုချစ်မိသွားတာလား ??သေချာတော့မသိသေးဘူး ကျန်သေးတယ်နောက်ထပ်ခံစားနေရတာတွေ လိုက်ချောင်းကြည့်နေတဲ့အချိန် သူ့မျက်နှာလေးမြင်ရင်ပျော်တယ် ဘယ်ဘက်ရင်အုံကအကောင်လေးကလည်း ထခုန်တယ် ပြီးတော့အခြားသူ‌တွေနဲ့ပြုံးရယ်နေရင် ဘယ်ဘက်ရင်အုံကအကောင်ကပဲချည်စူးစူးနဲ့အောင့်သွားတယ် အဲ့တာတွေသာအချစ်ကြောင့်ဆိုရင် သေချာတယ်ကျွန်တော်
Park Jiminကိုချစ်နေမိပြီ ကိုယ့်ဘဝတစ်လျှောက်လုံး
ဒီလိုမဖြစ်ဖူးဘူး ယောက်ကျားလေးတစ်ယောက်ကိုချစ်မိနေတာကိုလေ အရမ်းအံ့ဩမိတယ် ကိုယ်ဟာplay boy
တစ်ယောက်လို့ခံယူထားတဲ့သူလေ ပြီးတော့မြင်မြင်ချင်းချစ်မိတာတဲ့လား ဟက် မဖြစ်နိုင်တာမဟုတ်လောက်ပါဘူး

All of my lifeWhere stories live. Discover now