My Bubble Tea Introduction

1.1K 37 10
                                    


(Unicode)

ကျွန်တော့်ရဲ့ "Bubble Tea"

ဆောင်းဦးရဲ့ ဆော်သွေးတဲ့လေအေးအေးများကြား ချယ်ရီပွင့်ဖက်တို့ လှပစွာမြောလွင့်နေလေရဲ့။တိတ်ဆိတ်တဲ့ အခန်းငယ်လေးအတွင်းမှာထိုင်ရင်း ကျွန်တော်ပြတင်းတံခါးကို ငေးလို့အတိတ်ကမှတ်ဥာဏ်တချိူ့ဆီ ကူးခတ်သွားမိတယ်။
ထိုနေ့ကမထင်မှတ်ပဲသူနဲ့စတွေ့ခဲ့ရတဲ့နေ့၊ အသက်၂၀အရွယ် ခပ်အေးအေးနေတတ်တဲ့ကျွန်တော်ဟာ "သံယောဇဉ်"ဆိုတဲ့ ဒြပ်မဲ့ကြိုးတစ်ခုကိုမယုံကြည်ပေမယ့် "ခဗျား"ဆိုတဲ့ ကြယ်လေးနဲ့တွေ့ဆုံခဲ့ရတဲ့နောက်မှတော့ အဲ့ဒီ့ဒြပ်မဲ့ကြိုးတစ်ခုနဲ့အထပ်ထပ်ချည်နှောင်ချင်မိခဲ့သည်ပဲ။
———————————————————————
စာမှလွဲ၍ ကျန်တာဘာမှ စိတ်မဝင်မစားတဲ့
ကောင်လေးတစ်ယောက် ကျွန်တော့်သူငယ်ချင်းတွေကတော့ ကျွန်တော်နဲ့ဆန့်ခြင်ဘက် စာကလွဲ
ရင် အကုန်စိတ်ဝင်စားကြတယ် တစ်ချိန်လုံး ကြည့်ဖူးသမျှ Drama တွေအကြောင်းထိုင်ပြော အဆိုတော်တွေအကြောင်းပြောတတ်ကြတယ် ကျွန်တော် ဘာတစ််ခုမှနားမလည် သူတို့ပြောသမျှကြောင်တောင်တောင်နဲ့ကြည့်နေရတာပေါ့
Squad ဆိုတော့ သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေလည်းပါကြတယ်လေ။ တစ်နေ့မှာတော့
Korea ရဲ့ နာမည်ကြီး Boy Band အဖွဲ့က သီချင်းအသစ်ထွက်လို့ သူတို့ အုပ်စုလိုက်နားထောင်နေကြစဉ် ကျွန်တော်ရောက်သွားခဲ့တယ် အမှတ်မထင်ကြည့် မိလိုက်တဲ့အချိန်မှာ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးခန္ဓာကိုယ် ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်မျိုးမိုးကောင်းကင်ပေါ်က နတ်သက်ကြွေကျလာတဲ့ မိုးနတ်သားလေးအလား "ခဗျား" ဆိုတဲ့ကြယ်ကလေးကို ကျွန်တော် ကြိတ်ကြွေခဲ့မိတယ် ။
———————————————————
နောက်တစ်ရက် ကျွန်တော် "ခဗျား" ဆိုတဲ့လူကို သိခြင်တွေတအားပြင်းပြလာခဲ့တယ် ကျွန်တော်ကလည်း မာနကခပ်ကြီးကြီး မေးရမှာလည်းရှက်
သိကလည်းသိခြင် ဖြစ်ချင်တော့ သူငယ်ချင်းတွေထဲမှာ ခဗျား ကိုကြိုက်တဲ့သူတစ်ယောက်ပါသကိုး
ဒါက ကျွန်တော့်အတွက် အကြီးမားဆုံး ဂွင်ပဲပေါ့တစ်ချိန်က ကျွန်တော်သတိမထားမိခဲ့တဲ့ သူမ ရဲ့အသုံးဆောင်တွေထဲမှာ ခဗျား ဓာတ်ပုံလေးကို
ထည့် ထားတတ်တယ် ပိုက်ဆံအိတ်တွေမှာ
စာအုပ်အဖုံးတွေမှာ ခဗျား ပုံလေးတွေထည့်ထားတယ် ။ ကျွန်တော်တို့ အတန်းဆင်းချိန်ရောက်တော့ အားလုံးကိုယ်ဆီ canteen ကိုသွားနေကြပြီ
ကျွန်တော်တို့ သူငယ်ချင်းအုပ်စုလဲ သွားဖို့ ပြင်ဆင်
နေကြပြီ သူ့ ကိုသိချင်စိတ်ပြင်းပြနေတဲ့ကျွန်တော်
က canteen ကိုလိုက်မသွားဖို့ ဥာဏ်ဆင်ရပြီလေ

ကျွန်တော့်ရဲ့ "Bubble Tea"Where stories live. Discover now