My Bubble Tea Episode 10

158 14 1
                                    

(Unicode)

Flash Back

TPS's POV
Onlineပေါ်ပြန့်နှံ့သွားသော Sehunနဲ့Vam ရဲ့ပုံတချိူ့ကို Entကအလျင်မြန်ထပ်မပွားအောင်ထိန်းလိုက်နိုင်သည်ဆိုသော်ငြား လူအတော်များများဆိုတာထပ်ပိုတဲ့လူအများကတော့သိသွားကြချေပြီ...ထိုလူအများကြား Sehunရဲ့သက်ဆိုင်သူ Byun Baekhyunလဲပါနေပါ၏။

BH:"မင်းဘာတွေလုပ်နေတာလဲ Oh Sehun"

မမာသော်လဲ မပျော့သောအသံဖြင့်မေးလာတဲ့ Baekhyunရဲ့မေးခွန်းကြောင့် Dorm ဧည့်ခန်းတွင်ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေသော Sehun တစ်ယောက်ခေါင်းထောင်လာသည်။

SH:"ကိုယ်ရှင်းပြမယ်...Vamနဲ့ကိုယ်ကဘာမှမပတ်သက်ဘူး"

BH:"မင်းတို့ပတ်သက်တာ မပတ်သက်တာကိုငါစိတ်မဝင်စားဘူး...ပတ်သတ်နေရင်တောင် ငါဘာမှပြောမှာမဟုတ်ဘူး မင်းကိုသူ့ဘက်ထဲထည့်ပေးလိုက်မှာပဲ...ငါအခုမေးတာက မင်းကိုယ်မင်းဘာလို့မထိန်းရတာလဲ ဟမ်?! အခုတလော မင်းနောက်ကိုလိုက်နေတဲ့ သူတွေအများကြီးဆိုတာ မင်းမသိတာလဲမဟုတ်ဘူး! အဲ့ကောင်လေးအကြောင်းမင်းဘယ်လောက်သိလို့လဲ"

Baekhyunရဲ့ စကားများကြောင့်Sehunစိတ်တွေရှုပ်ထွေးလာသည်။ထိန်းချူ ပ်မရတော့တာကြောင့် ထိုင်ရာကထလာပြီး သူ့ထပ်ခေါင်းတစ်လုံးစာပိုနှိမ့်သော Baekhyunရဲ့ပုခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပါ၏။

SH:"ကိုယ်Vamအကြောင်းကိုသိသင့်သလောက်
သိတယ်...ဒါပေမဲ့အခုလိုတွေဘာလို့ဖြစ်ကုန်တယ်ဆိုတာကိုယ်မသိဘူး...ပြီးတော့မင်းထင်နေသလို ကိုယ်တို့ပတ်သက်နေတာလဲမဟုတ်ဘူး...ကိုယ်ကသူ့ကိုသနားလို့ညီလေးတစ်ယောက်လို စောင့်ရှောက်ပေးနေတာ"

BH:"ဟက်! မင်းကိုမင်းသာ အရင်စောင့်ရှောက်ပါဦး Oh Sehunရယ်...ပြီးတော့ ငါရှင်းရှင်းလင်းလင်းပြောပြီးသား မင်းတို့နှစ်ယောက်ဘယ်လိုပဲပတ်သက်ပတ်သက် ငါစိတ်မဝင်စားဘူးလို့...ငါကမင်းသွေးချွေးနဲ့ရင်းပြီး ရလာတဲ့ဒီအောင်မြင်မှုကို ဘာမဟုတ်တဲ့ကိစ္စကြောင့်နဲ့ ပျက်စီးသွားမှာကိုကြောက်တာ မင်းနားလည်ရဲ့လား ဟမ်!! မင်းငါ့ကိုသစ္စာဖောက်ချင်လဲရတယ်...မင်းကိုမင်းတော့ ဂရုစိုက်"

ကျွန်တော့်ရဲ့ "Bubble Tea"Where stories live. Discover now