(Unicode)
Vam's POV
Hunကကျွန်တော့်ကို ဒုတိယအကြိမ်ထပ်တွေ့ရအောင်တဲ့...အင်း ကျွန်တော်ပျော်မိတာတော့အမှန်ပဲ တဆက်ထဲမှာကြောက်လဲကြောက်မိတယ်။ထပ်ပြီးကျွန်တော်တစ်ယောက်ထဲ စောင့်နေရဦးမလားဆိုပြီးပေါ့။ဒါပေမယ့် စိတ်နဲ့ကိုယ်ဟာတခြားစီဖြစ်နေသည်ကို သူချိန်းတဲ့ Bubble Teaဆိုင်ရောက်နေတဲ့ ကျွန်တော်ကိုယ်တိုင်က သက်သေတည်လိုက်ရဲ့။ဘယ်တတ်နိုင်မလဲလေ ကိုယ်ကချစ်နေမိတဲ့သူမလား။ကျွန်တော်ဆိုတဲ့ကောင်ကလဲ Hunသာဖြစ်နေရင် ငရဲထိတောင်သွားမယ်လူစားပေမို့ အခက်သား။📱Hun ကျွန်တော်ဆိုင်ရှေ့မှာရောက်ပြီ📱
အချိန်အားဖြင့် ည၇နာရီ Idolတစ်ယောက်ဖြစ်တဲ့သူကညဘက်သာအပြင်ထွက်၍ရသည်မို့
ကျွန်တော်ဒုတိယအကြိမ်Dateကိုလဲ ညဘက်သာစီစဉ်လိုက်သည်။အခုလဲ ကျွန်တော်ရောက်နေပြီ
ဖြစ်ကြောင့် စာပို့ကာသတိပေးလိုက်တော့ Hunကနည်းနည်းတောင်နောက်မကျပဲ ပြန်ပို့ပါ၏။📱Hyungလဲရောက်နေပြီVam အပေါ်ထပ်ကိုတက်ခဲ့📱
ထိုသို့ပို့လာသည်မို့ ကျွန်တော်စိတ်လှုပ်ရှားစွာ သူပြောတဲ့နေရာကိုအမြန်သွားလိုက်သည်။ဘယ်သူမဆို ကိုယ့်Crushနဲ့တွေ့ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားကြတာပဲမလား။
Vam: "Hun"
SH: "အာ Vam လာထိုင်...Hyung Bubble Tea မှာပေးထားတယ်"
Vam:"ဟီး ကျေးဇူးပါ Hun"
အဆမတန်ခုန်နေတဲ့ကျွန်တော့် ဘယ်ဘက်ရင်အုံထဲကကောင်ကို ခဏမျက်ကွယ်ပြုကာ Hun မှာပေးထားတဲ့ Choco Bubble Teaကိုသောက်လိုက်သည်။အင်း...သေချာသတိထားကြည့်မိမှသိတယ် ဒီနေ့Hunက Free Styleလေးနဲ့အရမ်းချောနေတာပဲ။
SH:"Vam?"
Vam:"ဗျာ"
SH : "Hyung မှာထားတဲ့ Bubble Tea ကိုကြိုက်ရောကြိုက်ရဲဲ့လား အားမနာနဲ့နော်"
Vam : "အာ ကျွန်တော်က Bubble Tea ကိုအရမ်းကြိုက်တာဗျာ Fav ဆိုပါတော့"
SH : " ဒါဆို Hyung နဲ့ အကြိုက်တူတာပေါ့ "
Vam : "ဟုတ်" (မျက်နှာကပြုံးနေလေရဲ့)
SH : "Vam က Hyung Fan ဆိုတော့ Hyung ရဲ့
personal ကလွဲရင် Biography တော်တော်များ
သိတယ်ဟုတ်?"
YOU ARE READING
ကျွန်တော့်ရဲ့ "Bubble Tea"
Ficción General"သံယောဇဉ်တွေတွယ်ငြိမှာကို အရမ်းကြောက်တဲ့ကောင်လေးတစ်ယောက်က ခဗျားဆိုတဲ့ ကြယ်လေးကိုမှ စွဲလမ်းမိခဲ့တယ်"