My Bubble Tea Episode 12 ( Final )

335 18 6
                                    

(Unicode)

Bubble Tea-Final Ep

Vam's POV
ဒါပါပဲကျွန်တော်နဲ့Hunရဲ့ဇာတ်လမ်းလေးက...အရမ်းကိုတိုတောင်းပြီးရိုးရှင်းတဲ့ဇာတ်လမ်းလေးဆိုပေမဲ့ ကျွန်တော့်အတွက်တော့ ဘယ်တော့မှမမေ့နိုင်တော့မယ့် အမှတ်တရတွေပါပဲ...အခုကျွန်တော်ရဲ့ရောဂါ(သွေးကင်ဆာ)အခြေနေက နောက်ဆုံးအဆင့်ဆိုတာထပ်ကိုကျော်လွန်နေခဲ့ပြီ...ကျွန်တော်နောက်ဆုံးအနေနဲ့ Hunမျက်နှာလေးကိုမြင်ချင်သေးတယ်။ကျွန်တော်ဒီလောကကြီးထဲကနေ နောင်တတွေအများကြီးနဲ့ထွက်မသွားချင်သလို Hunကိုလဲကျွန်တော့်ရဲ့ခံစားချက်တွေနဲ့ပတ်သက်လို့ဆက်ပြီးမလိမ်ညာချင်တော့ဘူး။Baekhyun Hyungအတွက်မတရားမှန်းသိနေပေမဲ့ ကျွန်တော်နောက်ဆုံး တကယ်ကိုနောက်ဆုံးအနေနဲ့ Hunဆီသွားဖို့ဆုံးဖြတ်ပြီးပြီ။

Hun?

📱1min,2mins,3mins📱

📱Vam! Vam မင်းဘယ်တွေပျောက်နေတာလဲ ဒီ၃လလုံး📱

📱အရာအားလုံးကိုရှင်းပြမှာမို့ ကျွန်တော့်ကိုလာတွေ့နိုင်မလား Hun📱

📱ကောင်းပြီ Hyungဘယ်ကိုလာရမလဲ📱

📱***ပန်းခြံကို ဒီည၅နာရီလောက်လာခဲ့ပေးပါ Hun📱

📱Ok Hyungလာခဲ့မယ်📱

📱ကျေးဇူးပါHun📱

ကျွန်တော်Hunနဲ့စကားစဖြတ်ပြီး အပြင်သွားဖို့ပြင်ဆင်လိုက်သည်။Hunနဲ့မတွေ့ခင် တခြားလုပ်စရာတွေရှိနေသေးသည်မို့ စောစောထွက်ရမည်လေ။ကျွန်တော်ရဲ့နောက်ဆုံးအချိန်ကို ကျွန်တော်တန်ဖိုးရှိရှိနဲ့အကောင်းဆုံးဖြတ်သန်းမှာပါ ဘာကိုမှကြောက်မနေပဲနဲ့ပေါ့။

*ဘယ်တုန်းကမှမစခဲ့ရတဲ့အချစ်ဇာတ်လမ်းလေးကို ကျွန်တော့်ဘက်ကပဲအဆုံးသတ်ပါ့မယ် Hun*

#မိဘမဲ့ဂေဟာ#

Third Person's POV
Vam လက်ထဲ၌စာရွက်စာတမ်းတချိူ့ကိုင်ကာ ခရစ်ယာန်မိဘမဲ့ဂေဟာတစ်ခုသို့ရောက်လာသည်။ငယ်စဉ်ထဲကမိဘမရှိပဲနေခဲ့ရတဲ့ဒီကောင်လေးက သိတတ်စအရွယ်ထဲက သူနဲ့ဘဝတူကလေးငယ်တွေဆို တအားကူညီပေးချင်ခဲ့သည်ပေ။အခုဒီကိုရောက်လာရခြင်းမှာလဲတခြားကြောင့်တော့မဟုတ် သူ့ကိုမပါနိုင်မယ့် ပစ္စည်းဥစ္စာတွေကိုရောင်းချပြီး ထိုမိဘမဲ့ဂေဟာတွင်လာရောက်လှူဒါန်းခြင်းဖြစ်သည်။

ကျွန်တော့်ရဲ့ "Bubble Tea"Where stories live. Discover now