' သာကွန်း ' part1 zawgyi

21.9K 485 0
                                    


Part1 (Zawgyi)
မင်္ဂလာပါ ငါ့နာမည်က ညင်သာပါ '
ကျွန့်တော်ဘေးနားက ကောင်လေး နှစ်ယောက်ကို မိတ်ဆက်လိုက်တယ် ကျွန်တော်ခုရောက်နေတဲ့ ကျောင်းက
စစ်ကိုင်းပညာရေးတက္ကသိုလ် လို့ခေါ်တဲ့ ဆရာအတတ်သင်ပညာရေးကျောင်းပါ ကျွန်တော်က တောင်ငူပညာရေး ကောလိပ်ကနေ B.ED ပါခဲ့တယ် ပုံမှန်ဆိုရင် ကျွန်တော်တို့တောင်ငူကဆို ရန်ကုန်ကိုပဲ ကျတာများတယ်ဗျ ကျွန်တော်တို့ နှစ်ကျမှပဲ စကားမစပ် ကျွန်တော်တို့နှစ်ဆိုမှ ကျွန်တော်ပါတဲ့ အဖွဲ့၁၅ယောက်ပဲ တသီးတခြား စစ်ကိုင်းပညာရေးတက္ကသိုလ်ကို ရောက်ခဲ့တာပါ ကျွန်တော်လေ စိတ်ညစ်လိုက်တာ ပြောမနေနဲ့ ရန်ကုန်တက်ချင်လွန်းလို့ အောက်တစ်ပိုင်းသေနေတဲ့ ကျွန်တော်ကိုမှ ဘာလို့ စစ်ကိုင်းတဲ့လဲ ခံလည်းခံပြင်းတယ်ဗျာ ခုရောက်တော့လည်း အဆောင်က မလောက်လို့ တက္ကသိုလ်ဆေးပေးခန်းကို
'မြဇေယျာ အမျိုးသားဆောင် ၃'ဆိုပြီးတော့ အဲ့အဆောင်မှာ ကျွန်တော် တို့တစ်ဖွဲ့လုံးကို ပေးနေတယ် မဆိုးတော့ မဆိုးလှပါဘူး ဆေးပေးခန်းဆိုပေမဲ့ ကျွန်တော်တို့အဖွဲ့နေဖို့ အတွက် အထိုက်အသင့်ကျယ်သင့်သလောက်ကျယ်ပါတယ် ကျွန်တော်လည်း နေရာတွေဘာတွေချပြီးတော့ ခဏမှိန်းလိုက်တယ် ခဏနေလောက်ကျတော့ ဂလောင်ခေါက်သံကို ကြားလိုက်ရတယ် နာရီကိုကြည့်လိုက်တော့ ၃ ခွဲ နေပါဦး ဒီအချိန်ကြီး ထမင်းကျွေးတာလားလို့ စဉ်းစားနေတုန်းရှိသေး M.ED အကိုတစ်ယောက်က ငါ့ညီထမင်းသွားစားလို့ ရပြီတဲ့ ထမင်းစားဖို့ဆိုရင် ပင်မဆောင်ဖြစ်တဲ့
'မြဇေယျာ အမျိုးသားဆောင် ၁' ကိုသွားရမှာတဲ့ သွားစားပြန်တော့လည်း အဆင်မပြေလှပါ တောင်ငူမှာတက်တည်းက အိမ်ကပဲထမင်းဘူးယူတဲ့ ကျွန်တော်အတွက် အခုလည်းတကယ်ကို အဆင်မပြေလှပါ ကျွန်တော်စိတ်ညစ်ညစ်နဲ့ မစားဘဲထွက်လာပြီး ကန်တင်းဆီကိုသာ ခြေချမိတော့သည်
ရောက်တည်းက အဆင်မပြေတဲ့ကျွန်တော် မနက်မိုးလင်းလို့ အတန်းသွားမယ်ဆိုတော့လည်း မေဂျာကွဲတစ်ယောက်တည်းဖြစ်နေပြန်တယ် ကျွန်တော်အော်သာငိုလိုက်ချင်တော့တယ် အတတ်နိုင်ဆုံးစိတ်ကို ထိန်းပြီး ပင်မဆောင်ကိုသာ ချီတက်ခဲ့တော့တယ် အခန်းနံပါတ်လည်း သိပြီမို့ ကိုယ်သင်ရမဲ့ အခန်းကိုသာ တန်းတန်းမတ်မတ်လျှောက်ခဲ့လိုက်တယ် အခန်းဝလည်းရောက်ရော ကြည့်လိုက်တော့ လူတွေကအပြည့် ကျွန်တော်လည်းလွတ်မဲ့ခုံကိုရှာကြည့်လိုက်တော့ တတိယrollက နှစ်ယောက်တည်းထိုင်နေတဲ့
သူငယ်ချင်းနှစ်ယောက်ကိုတွေ့တာနဲ့ သွားနှုတ်ဆက်လိုက်တယ် သူတို့ကလည်း ဖော်ဖော်ရွေရွေပါပဲ ကျွန်တော်ကို ပြန်နှုတ်ဆက်တယ်
' ငါ့နာမည်က ဖြိုးဝေ သူ့နာမည်က ဘုန်းပြည့် ငါတို့နှစ်ယောက်လုံးက မုံရွာ ပညာရေးကောလိပ် ကနေ ရောက်လာတာ မင်းကရော'
'ငါက တောင်ငူပညာရေးကောလိပ်က ဒါနဲ့မင်းတို့နှစ်ယောက်က ဘယ်အဆောင်ကလည်း'
' သြော် အင်း ငါတို့နှစ်ယောက်က မြဇေယျာ အဆောင်၂က'
'ငါက၃က အဲ့တာဆို ငါတို့နီးနီးလေးပဲ ငါတို့သူငယ်ချင်းလုက်ကြရအောင်နော် ငါ့ကောင်တွေက ငါနဲ့မေဂျာမတူဘူးကွ အဲ့ကြောင့်တစ်ယောက်တည်း ဖြစ်နေတာ '
'အေအေ'
ဒီလိုနဲ့ ပထမဆုံးနေ့ဆိုတော့ စာလည်းသိပ်မသင်ဘူး တီချယ် တွေကတော့ဝင်ပါတယ် ဒါပေမဲ့ မိတ်ဆက်ယုံလောက်ပဲ ကျွန်တော်လည်း စိတ်မဝင်စားတော့ဘူး ဝင်လာလိုက် မိတ်ဆက်လိုက်နဲ့ အာရုံနောက်လာတယ် အဲ့တာနဲ့ fbလေးဖွင့်လိုက်တယ် ဖွင့်ဖွင့်လိုက်ချင်းပဲ noti တက်လာတာကြောင့် ကြည့်လိုက်တယ် 'Pxone Pyae invite you to like SUOE cutie boy page'တဲ့လေ ( SUOE ဆိုတာ Sagaing university of education ကိုဆိုလိုတာပါ စစ်ကိုင်းပညာရေးတက္ကသိုလ် ကိုရည်ညွှန်းခြင်းပါ ) ကျွန်တေိာလည်း ကြောင်သွားတယ် ဘုန်းပြည့်ကိုလှမ်းမေးလိုက်တယ်
'ဟေ့ကောင် ဒါကဘာကြီးတုန်း'
'အေ မင်းဝင်ကြည့်လိုက် အဲ့ထဲမှာ မင်းပုံတွေပြန့်နေတယ်'
'What? ' ကျွန်တော်လည်းဝင်ကြည့်လိုက်တော့ အမှန်ကိုပင် ကျွန်တော့်ပုံတွေပါပဲ ကျွန်တော်စိတ်တော်တော်တိုသွားတယ် စိတ်မတိုရိုးနေရောလား page ကိုလည်း ကြည့်လိုက်ဦး cutie boy တဲ့ဗျာ ကုန်ပါပြီ ကျွန်တော့်ရဲ့သိက္ခာတွေ စိတ်တိုတိုနဲ့ ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ဖုန်းပိတ်လိုက်သည် ထို့နောက်
'ဟေ့ကောင်တွေ ကန်တင်းသွားရအောင် ငါဗိုက်ဆာနေပြီ'
'အေအေ'
ဒီလိုနဲ့သုံးယောက်သား ကန်တင်းကိုချီတက်လာသည် ကန်တင်းရောက်တော့လည်း ကွက်ကြည့်ကွက်ကြည့်နဲ့မို့ မမြင်ချင်ယောင်သာ ဆောင်လိုက်သည် ဗိုက်လည်းဆာလှပြီမို့
ဆိုင်ထဲဝင်ပြီး
'ဒေါ်ဒေါ် သားကို ထမင်းနဲ့ဆိတ်သားတစ်ပွဲလို့ လှမ်းအော်လိုက်သည် '
လာချပေးတော့မှ ဒေါ်ဒေါ်က သြော် ညင်သာပါလားဆိုပြီး
လက်ကို်င်ပဝါ အသစ်တစ်ထည်သွားယူပေးသည် ကျွန်တော်ကို ကြီးကျယ်တယ်ပဲပြောပြော ကျွန်တော်သည် အသန့်အလွန်ကြိုက်သည် ဒါ့ကြောင့် ရောက်ကတည်းက ကန်တင်းသွားပြီး ဘယ်ဆိုင်က အသန့်ရှင်းဆုံးလည်းသေချာစိစစ်ပြီးမှ နောက်ဆုံး ဒေါ်ဒေါ်ဆိုင်ကိုအမြင်ကျသွားတာမို့ ဒေါ်ဒေါ်ကို ကျွန်တော့်အကြောင်းတချို့ပြောထားလိုက်သည် ရှေ့ကနှစ်ကောင်ကတော့ကျွန်တော့်ကို ဘယ်လိုကြီးလဲဆိုတဲ့ မျက်နှာပေးနဲ့ကြည့်နေတာမို့ ကျွန်တော်လည်း
'ငါကဒီလိုပဲ'လို့ပြောလိုက်တယ်

' သာကွန်း '(Thakhunn)  💞 Completed 💞Where stories live. Discover now