part23(Unicode )

2.5K 216 9
                                    

Unicode
ဆေးထည့်ပေးပြီးတော့ နေ့လည်စာစားချိန်ရောက်ပြီမို့ နေလည်စာပြင်နေရတယ် ကိုမော်ကွန်းဦးကတော့ အနာစပ်လို့ဆိုကာ မျက်ရည်တွေဝိုင်းနေလေရဲ့ ဟက် ~လုပ်တုန်းကကျတော့ တော်တော်သတ္တိရှိတဲ့ပုံစံနဲ့ တကယ်တမ်းကျတော့ ဖွတ်ကောင်ကြီးပဲ

'ကိုမော်ကွန်းဦး ထမင်းလာစားလို့ရပြီ'
'ကိုယ်မစားချင်တော့ဘူး ညင်သာ ကိုယ့်လက်က စားနိုင်မယ်မထင်ဘူး ဗိုက်ကတော့တော်တော်ဆာနေတာ'
'အဲ့ဆိုလည်း မတတ်နိုင်ဘူး'

ကိုမော်ကွန်းဦး ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ သိတာပေါ့ ဟဟ ကိုမော်ကွန်းဦး ညင်သာ့ကို ဒါမျိုးလာလုပ်လို့မရဘူး
'ညင်သာ ကိုယ့်ကိုခွံ့ကျွေးပါလား'
'အင်း ~ ဒီပုံစံအတိုင်းဆိုရင်တော့ ကျန်တဲ့နှစ်ရက်တော့ အိမ်မှာပဲ အချိန်ကုန်ဖြစ်မယ်နဲ့တူတယ် ကိုမော်ကွန်းဦးလက်က ဒဏ်ရာကတော့ တော်တော်ဆိုးနေတယ်မလား'

ပြန်တောင်မဖြေနိုင်တော့ဘူး ထမင်းပန်းကန်ယူပြီး စားတော့တာပဲ ခွံ့ကျွေးမယ်လို့ပြောလိုက်တော့ သက်သာသွားပြီတဲ့လေ

🖇🖇🖇🖇🖇🖇🖇🖇🖇🖇
သင်္ကြန် အကြတ်နေ့

'ညင်သာရေ မပြီးသေးဘူးလားကွာ ဘာတွေအဲ့လောက်ပြင်ဆင်နေတာလဲ '
'လူလို ပြင်ဆင်နေတာ'
အခန်းအပြင်ဘက်ထွက်လာတဲ့ကောင်လေးက အကျီမိုးပြာရောင်ရေစိုခံ တီချယ်အပွလေးနဲ့ ဘောင်းဘီဒူးဖုံးကို ဝတ်ဆင်ထားပြီး လျှာထိုးဦးထုပ်ဆောင်းထားတယ် ဒီပုံစံနဲ့သွားမယ်လို့တော့ မပြောလိုက်နဲ့နော်

'သွားရအောင် ကိုမော်ကွန်းဦး ဗဟိုမဏ္႑ပ်ကိုပဲသွားမယ် အဲ့မှာအကုန်အဆင်ပြေတယ် '
'အဝတ်အစား သွားပြန်လဲ ညင်သာ ဘောင်းဘီရှည်ဝတ်ခဲ့ ဘောင်းဘီတိုနဲ့ဆို ဒီအပူချိန်နဲ့အသားအရည် ပျက်စီးလိမ့်မယ်'
'ရတယ် ကျွန်တော်တို့မနက်ပိုင်းပဲဆော့မှာလေ နေ့လည်ပိုင်းအိမ်ပြန်လာမှာပဲဆိုတော့ ကိစ္စမရှိဘူး '

'ကိုယ်သဝန်တိုတယ် ညင်သာ အဲ့လိုဒူးပေါ်နေတာ ကိုယ်မကြိုက်ဘူး'
'သဝန်တိုတာခံရအောင် ကျွန်တော်မိန်းကလေးမဟုတ်ဘူး ကိုမော်ကွန်းဦးနေချင်ရင်နေခဲ့တော့ ကျွန်တော်တော့ သွားပြီ '
ညင်သာ့နောက်ကို အမြန်လိုက် မဏ္႑ပ်ရောက်တော့လည်း ကိုယ့်မှာစိတ်မချနိုင် ရေပက်ခံထွက်တဲ့ကောင်မလေးတွေရဲ့ အကြည့်က ညင်သာ့ဆိုတဲ့ ကိုယ့်အနာဂတ်ကောင်လေး ဆီကိုပဲရောက်ရောက်နေတာမို့

' သာကြန္း '(Thakhunn)  💞 Completed 💞Where stories live. Discover now