Unicode
'ညင်သာ ပြီးရင်သွားရအောင်'
အဆောင်ရှေ့ကစောင့်ပြီး လှမ်းအော်နေခြင်းဖြစ်သည် ကျွန်တော်ရှေ့ရောက်လာသော အကောင်ပေါက်ကို
'ဘာတွေအဲ့လောက်ပြင်နေလို့ ကြာနေရတာလဲ'
'ခုဟာ လူတောထဲသွားမို့ ကိုမော်ကွန်းဦး လူလိုဝတ်ရသေးတယ် ခုပြီးပြီလေ သွားရအောင်''ဟာ သားကြီးတို့ကလည်း ကြာတာ ငါတို့ဖြင့်မင်းတို့နှစ်ယောက် စောင့်နေလို့ပွဲတောင် မစရသေးဘူး ကဲ ခုရောက်ပြီဆိုတော့ စလိုက်ရအောင်'
ခုကျွန်တော်ရောက်နေတဲ့ ဝိုင်းမှာ ကျွန်တော်တို့နှစ်ယောက်အပါအဝင် ၅ယောက်ရှိတယ် ယောကျ်ားတွေချည်းပဲဆိုတော့ နေရထိုင်ရတာ ကသိကအောက်ဖြစ်စရာ မရှိဘူး' ညီလေး အကိုတို့ဝိုင်းကို Myanmar beerသုံးပုလင်းချပေးကွာ'
Waiterကောင်လေးအား မှာနေသည့်အရာမှာ beer
ဒါဆို သူတို့တွေအရက်သောက်မယ်လို့ ဆိုလိုတာပေါ့ လာတာမှားပြန်ပြီနဲ့တူတယ် ညင်သာ မင်းကတော့လေ waiterကောင်လေး လာချပေးတော့မှ
'ညီလေး အကိုကို့ ထမင်းနဲ့ ဆိတ်သားတစ်ပွဲ နောက်စတော်ဘယ်ရီဖျော်ရည် တစ်ခွက်'
'ဟုတ်ကဲ့'ကျွန်တော်မှာမှရတော့မယ် ညစာစားခဲ့တာမဟုတ်ဘူး အရက်သမားတွေက သူတို့သောက်ဖို့လောက်ပဲ သိတာ
'ဟာ ညီလေးကလည်းကွာ ဒီလိုနေ့မျိုးမှာ ဘာလို့ထမင်းစားနေမှာလဲ ပျော်ပျော်ပါးပါး သောက်စားရမှာပေါ့'
'ပျော်ရင် အရက်သောက်ရတယ်လို့ ဘယ်ဥပဒေမှ မပြဋ္ဌာန်းထားဘူး နောက်ပြီး အရက်တွေ ခွေးတောင်မသောက်တဲ့အရည်တွေ ငါးပါးသီလဖောက်ပြားစေတဲ့ အရည်တွေ ကျွန်တော်တို့ကိုဘာကောင်းကျိုးပေးလို့ သောက်နေကြတာလဲ ပြန်စဉ်းစားကြည့်ရင် ဒါဟာတကယ်ကို ကောင်းတဲ့အရာမဟုတ်ဘူး 'ညင်သာ့စကားကြောင့် ကျွန်တော်တစ်ဖွဲ့လုံး waiter လေးချပေးတဲ့ myanmar beer တွေကို မသောက်ရဲကြပါ သူရဲ့လမ်းစဉ်အတိုင်း ထမင်းနဲ့ဖျော်ရည်တစ်ခွက်စီပဲ မှာဖြစ်တော့တယ် တော်တော်ပျော်စရာကောင်းတဲ့ partyပါပဲဗျာ
'ကဲ ဒီလိုဆိုတော့ ပျင်းစရာကောင်းတယ် ပျော်သွားအောင် ငါမင်းတို့ကို ညဏ်စမ်းမေးမယ်'
ကျွန်တော့်ကောင်တွေကတော့ စပြီ
'ငါမေးတဲ့မေးခွန်းကို ညင်သာပဲဖြစ်ရမယ်'
ဟားဟား ဒီကောင်တွေ ညင်သာ့ကိုအခဲမကျေဘူးပဲ လုပ်လေ ကြိုက်သလောက်လုပ် ဟိုက ပြန်ပတ်ထုတ်လိုက်မှ
ခံရအတော်ခက်နေဦးမယ်