'သာကွန်း'part14(Zawgyi)

1.9K 148 3
                                    

Zawgyi
'ညင်သာ ကျောင်းသွားတော့မို့လား စောသေးတယ်လေ '
'မစောတော့ဘူး ၇ခွဲနေပြီ အတန်းချိန်က၈နာရီ ကိုမော်ကွန်းဦးထတော့မှာဆို ထလေ ကျွန်တော်အိပ်ရာတခါတည်း သိမ်းပေးခဲ့မယ်'
'ရပါတယ် ကိုယ်ပဲသိမ်းလိုက်မယ် ခြေထောက်လက်ထောက်တွေ သက်သာတယ်မလား '
'အွန်း ကျေးဇူးတင်ပါတယ် '
'ရပါတယ်ကွာ ဒီနေ့ကိုယ်တို့အဖွဲ့တွေ ဓာတ်ပုံလာရိုက်မှာနော် '

'အွန်း ကျွန်တော်သွားပြီ'
ဆိုင်ကယ်ထုတ်ကာ ကျောင်းပေါ်တက်ခဲ့လိုက်သည် အခန်းထဲရောက်တော့ လူစုံနေပြီ ကိုယ်ထိုင်နေကျသူငယ်ချင်းတွေနားကိုပဲ သွားလိုက်တယ်

မကြာပါ တီချယ် ဝင်လာပြီ
'မင်္ဂလာပါ ဆရာမ'
'မင်္ဂလာပါ '
ကျွန်တော်တို့ ခုဝင်နေတဲ့အတန်းချိန်က ပညာရေးစိတ်ပညာ အချိန်ဖြစ်တယ် ခုချိန်ကိုသင်နေတဲ့တီချယ်ကြီးက အင်မတန်မှ အသင်အပြကောင်းတယ် အသံသြဇာလည်းရှိတယ် ဗဟုသုတလည်းကြွယ်တယ်

'ဆရာ ဆရာမတွေက စာသင်တဲ့အခါမှာ ကိုယ်သင်လိုက်တဲ့သင်ခန်းစာရဲ့ ရည်ရွယ်ချက် သဘောထားတွေကို ပေါ်လွင်အောင် ဘယ်လိုသင်ကြားပေးသင့်တယ်လို့ မင်းတို့ထင်လဲ'
တီချယ်ကတော့ ထုံးစံအတိုင်းမေးလိုက်ပြီ  အတန်းကလည်း ထုံးစံအတိုင်း တိတ်နေပြီ ဒီလိုအချိန်မှာheroတစ်ယောက် လောက်တော့လိုနေပြီလို့ ကျွန်တော်ထင်တယ် အတွေးနဲ့တင် သတိထားမိတာက မတ်တပ်ရပ်ပြီးနေပြီ

'ဟော ဟိုမှာထပြီ ကဲ သားနားလည်သလိုလေး တီချယ်နဲ့သားသူငယ်ချင်းတွေကို ပြောပါဦး'
'ကျွန်တော်အနေနဲ့ သင်ခန်းစာတွေကို ရည်ရွယ်ချက် ပေါက်မြောက်အောင် သင်ကြားနိုင်ဖို့အတွက်ဆိုရင် ပထမဆုံးအချက်အနေနဲ့ ပြောင်းလဲရမှာ ဆရာတွေပါပဲ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ "အဘိုးအို နဲ့ သားသုံးယောက် " ပုံပြင်ရဲ့ အဓိကဆိုလိုရင်းကို ဆရာတော်တော်များများ မသင်နိုင်ခဲ့ပါဘူး '

'ပုံပြင်ထဲမှာ အဘိုးအိုက သူ့ရဲ့သားသုံးယာက်ကို ပထမဆုံး ထင်းတစ်ချောင်းစီ ချိုးခိုင်းတယ် သားသုံးယာက်ကလည်း ချိုးနိုင်တယ် ဒါပေမဲ့ ထင်းစည်းလိုက်ချိုးခိုင်းတဲ့ အခါမှာတော့ ဘယ်သူမှမချိုးနိုင်တော့ဘူး အဲတော့ဆရာတွေ ဆရာမတွေကပြောတယ် ထင်းစည်းလိုမျိုးပဲ ကိုယ့်ဆွေမျိုးသားချင်း အချင်းချင်း စည်းလုံးရမှာ မဟုတ်ဘူးလားလို့ မေးတယ် အဲ့နောက်မှာ ဒီပုံပြင်ရဲ့ရည်ရွယ်ချက်က စည်းလုံးရမယ်ဆိုတဲ့ သဘောထားကိုဖော်ဆောင်တယ်လို့ သတ်မှတ်ကြတယ်'

' သာကွန်း '(Thakhunn)  💞 Completed 💞Onde histórias criam vida. Descubra agora