'သာကွန်း' part21(Zawgyi)

1.9K 142 20
                                    

Zawgyi
Luggage ကိုဆွဲ ညင်သာ့အခန်းထဲကို လိုက်သွားတယ် ယောကျာ်းလေးလို့သာ ဆိုရမည် အခန်းကလည်း သပ်ရပ်နေတာပဲ
'ညင်သာ့အခန်းလေးက သပ်ရပ်နေတာပဲကွာ ကိုယ်နဲ့တော့တခြားစီပဲ'
'ကျွန်တော်က မညစ်ပတ်ဘူး'
'ဟားဟား ဟုတ်ပါပြီကွာ ကိုယ့်ရဲ့ဆိုင်သူဖြစ်သွားရင် ညင်သာကို ကိုယ့်လိုပဲ ညစ်ပတ်သွားအောင် လုပ်ပလိုက်မယ်'

'လူဆိုတဲ့ အမျိုးက ကဗျာဆန်တဲ့ သတ္တဝါဖြစ်ပြီး စိတ်ကူးယဉ်ခြင်း၌ သာယာရစ်မူးတတ်ကြတာပဲ '
'ပြောချင်တာပြော ညင်သာ ကိုယ်ကချစ်နေတော့ အပြစ်မမြင်ဘူး'
'သဘောပါဗျာ'
ဆုံးမစကားပြောပြီး အိပ်ရာခင်းကျင်းပေးနေတယ် လူကလည်းပင်ပန်းလှပြီမို့ ဟန်မဆောင်နိုင်တော့ပါ

'ညင်သာ ကိုယ်တအားပင်ပန်းနေပြီ အိပ်ရအောင်'
'အိပ်နှင့်လေ ကျွန်တော်ရေချိုးလိုက်ဦးမယ် ပြီးရင်လာခဲ့မယ်'
'အွန်း'
ရေမိုးချိုး အဝတ်အစားလဲပြီး အခန်းထဲဝင်လာတော့ ကိုမော်ကွန်းဦး အိပ်ပျော်လို့နေပြီ ၈နာရီလောက်မောင်းထားရတဲ့ ခရီးဆိုတော့ ပင်ပန်းမှာပဲ

🖇🖇🖇🖇🖇🖇🖇🖇🖇🖇

'သားက စားတတ်ပါ့မလား မသိဘူး မနက်ဆို ဒီတိုင်းပဲစားနေကြလေ သားကြီးကတော့ အရမ်းကြိုက်တာ'
'မေမေ့ကို တစ်ပန်းကန်ကုန်သွားလို့ နောက်တစ်ပန်းကန်လုပ်ခိုင်းနေတာကို စားတတ်ပါ့မလား မသိဘူးဆိုတော့ '
'သား အဲ့လိုမပြောရဘူးလေ မော်ကွန်းလေးက အားနာလို့စားနေတာ ဖြစ်မှာကြောက်လို့'

'အဲ့လိုမဟုတ်ပါဘူး မေမေရယ် တကယ်စားကောင်းလို့ စားနေတာ ဒီလိုမျိုးစားရတာ အရသာရှိမယ်လို့ တခါမှမတွေးဖူးဘူး အခုတော့ ဂွတ်ရှယ်ပဲ'
'ဟုတ်ပါပြီ စားကောင်းပြီးတာပဲ မေမေကစိုးရိမ်နေတာ'
ထမင်းနဲ့ပဲပေါင်းနယ်ပြီး ကြက်ဥကြော် တွဲဖက်လေးလုပ်ပြီး စားနေရတာကို တော်တော်စားကောင်းနေတဲ့ပုံစံ ထမင်းစားဝိုင်းမှာ တစ်ယောက်တည်း လူဆိုးကြီးကိုဖြစ်လို့

'သား သင်္ကြန်တွင်းကတော့ မေမေထုံးစံအတိုင်း တရားစခန်းဝင်မှာ ဒီနှစ်တော့ သားတစ်ယောက်တည်းမဟုတ်တော့ဘူး မော်ကွန်းလေးလည်း ရှိတယ်ဆိုတော့ အဖော်ရတာပေါ့ '
ပုံမှန်ဆို အိမ်မှာတစ်ယောက်တည်း အေးအေးလူလူနဲ့ စာဖတ် ခုများတော့ဖြင့် ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတဲ့ ဘာသာရပ်တွေ စိတ်ဝင်စားရတာ အချစ်ကိုစိတ်ဝင်စားရတာလောက် အားမသန်ဘူးထင်တယ် အချစ်ရက်တွေ အချစ်ဘက်မှာလည်း စိတ်ကပြေးဆော့ချင်နေမိတယ်

' သာကွန်း '(Thakhunn)  💞 Completed 💞Donde viven las historias. Descúbrelo ahora