Unicode
'ညင်သာ ဆိုင်ကယ်ကိုဖြေးဖြေးမောင်းနော် အမြန်မမောင်းနဲ့ ကိုယ်စိတ်မချဘူးနော်'
အဆောင်ကနေ ကျောင်းပေါ်လေးတက်မှာကို လာပွားနေခြင်းဖြစ်သည်
'ကိုမော်ကွန်းဦး ကျွန်တော်ကျောင်းပေါ်ကိုပဲ သွားမှာ ဘယ်လောက်မှလည်း မဝေးဘူး ၅မိနစ်လောက်ဆိုတန်းရောက်တဲ့ဟာ အပိုတွေလုပ်မနေနဲ့''ညင်သာ ကိုယ်အခုလုပ်နေတာ အပိုတွေမဟုတ်ဘူးနော် ကို်ယ်ကမင်းကို ချစ်နေတဲ့သူလေ မင်းကအချစ်ခံရတဲ့သူ ဆိုတော့ ကိုယ်ပူလောင်ရတာကို မင်းမသိဘူး မင်းအပြင်သွားတဲ့အချိန် မင်းကိုငေးကြည့်နေမဲ့ မျက်လုံးတွေကို ကိုယ်မကြိုက်ဘူး ညင်သာ အဲ့လိုမကြိုက်ဘူးဆိုပြီး ချုပ်နှောင်ထားရအောင်လည်း ကိုယ်မလုပ်ရက်ပြန်ဘူး အဲ့လိုတွေအထိတောင် ကိုယ်တွေးဖူးတယ် အဓိပ္ပာယ်မရှိမှန်းသိပေမဲ့လည်း ကိုယ်မင်းကိုအဲ့လောက်ထိ ချစ်တယ် မြတ်နိုးတယ် ညင်သာ'
ကျောင်းပေါ်တက်ဖို့အရေး ကိုယ်မော်ကွန်းဦးရဲ့ အချစ်နိယာမကို နားသောတဆင်နေရတယ် ဒီအခြေအနေက ကြိုးစားနေတဲ့ အနေအထားပါ ချစ်သူတွေသာဖြစ်သွားရင်တော့ ဟင်း~
သူပြောနေတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်တယ် ပြန်ချေပနေဖို့အချိန်ကလည်း မရှိတော့ဘူး ကျောင်းပေါ်တက်ရတော့မယ် မနက်အစောမို့ အချမ်းမပြေသေး အနီကွက်ရှပ်လက်ရှည်လေးကို လက်ခေါက်တင်ကာ စမတ်ကျကျလေးဝတ်လိုက်တယ်'ညင်သာ အဲ့အကျႌမဝတ်နဲ့ အရောင်ကထင်းလွန်းတယ် ကိုယ်မကြိုက်ဘူး '
'ကိုမော်ကွန်းဦး မကြိုက်တာလေ ကျွန်တော်မကြိုက်တာမှ မဟုတ်တာ'
'မရဘူး ကိုယ်မကြိုက်ဘူး မဝတ်ရဘူး ဒီတိုင်းနေတောင် ငေးကြည့်နေတဲ့ မျက်လုံးတွေများနေတာ ဒီလိုထင်းနေရင်တော့ ဟင့်အင်း မဝတ်ရဘူး အခုချွတ် ညင်သာ'
'ကိုမော်ကွန်းဦး ကျွန်တော်စိတ်တိုလာပြီနော် အတန်းချိန်လည်း နောက်ကျတော့မယ် ရှေ့ကဖယ်ပေးနော် ကျွန်တော်ဆွဲထိုးမှာ မလုပ်ရဲဘူး မထင်နဲ့''ထိုးကွာ အေ ပြီးရင်တော့ အဲ့အကျႌချွတ်ခဲ့ရမှာ'
စိတ်တိုလို့မျက်နှာလေးတစ်ခုလုံးကလည်း နီရဲလို့နေပြီ
'ကိုမော်ကွန်းဦး ခင်ဗျားနဲ့ ပြန်လာမှရှင်းမယ်'
အကျီကိုဆွဲချွတ်ပြီး ကုတင်ပေါ်ပစ်တင်ကာ ဆိုင်ကယ်သော့ကိုယူပြီး အခန်းထဲထွက်သွားတယ် အတန်းချိန်ကြောင့်ထင်တယ် ပြန်လာမှရှင်းမယ်လို့ပြောတာပဲ မတတ်နိုင်ဘူး နောင်ခါလာနောင်ဈေးပဲ