training ကာလက သုံးရက်မျှကြာမြင့်
ခဲ့ပြီး ကိုကိုတို့တစ်တွေ ပင်ပန်းသည်မှာ
စာဖွဲ့ ၍တောင်မနိုင်ချေ။ မနက်စောစောထ ပြီး
ပြေးရသည်။ ဇွဲကပင်တောင်ပေါ်ကို
အုပ်စုဖွဲ့၍ တက်ကြရသည်။ ကမ်းနားလမ်းတစ်ပတ်
လမ်းလျှောက် ကြရသည်။ တချို့က နယ်မြေအသစ်ကလူတွေမို့ ရှုခင်း စိမ်းစို လှပတဲ့ ဘားအံ မြို့ကြီးကို
သဘောကျနေကြသည်။ တောင်တွေ များပြားဝန်းရံပြီး
တစ်ဖက်မှာ ဂျိုင်းမြစ် ၊ သံလွင်မြစ် ၊အတ္တရံမြစ်တို့က
အချိုးကျကျ လှလှပပ ဆီးကာ ဝိုက်ကာ သွယ်တန်း
နေကြသေးသည်။ဇွဲကပင်တောင်ကိုတက်ကြတော့ကိုကိုတို့ အားလုံး
လူငယ်တွေဖြစ်ရုံမက ယောကျာ်းသား
အများအပြားမို့ စူးစမ်းစွန့်စားလိုစိတ်က
အပြည့်ဖြစ်နေကြသည်။ တောင်ကို
ဝိုက်ကာ လုပ်ထားတဲ့ လမ်းတွေက
လူသွားလမ်းမည်ရုံလောက်သာ။
တစ်ချို့နေရာမှာ လှေကားလေးတွေ
လုပ်ထားပေးသေးသည်။ ကျောက်ခဲတွေကော၊
တောင်နံရံတွေကော၊လှေကားထစ်တွေကော ကို
နင်းကာတစ်သွယ်၊ လှမ်းတက်ကာ တစ်ဖုံဖြင့်
ပင်ပန်းတယ်ဟုပင်မဆိုကြ သူတို့က ပျော်မြူး
နေကြသည်။ ပေပေါင်း၂၇၀၀ကျော်မြင့်ပြီး
အဝေးကကြည့်လျှင်
ကရင်မောင်နှမအား တောင်နံရံမှာ
ပုံရိပ်သဖွယ် မြင်ရသည့်  နတ်ကြီးတဲ့တောင် ။
စကားအပြောအဆို မှားလို့ မရ ၊ အမှားမခံတဲ့
တောင်မို့ ကိုကိုက အဖော်ဖြစ်သူ ကို
သတိပေး ထားရသည် ။ လူငယ်တွေ ဖြစ်သည့်
အလျောက် နှုတ်ပေါ့ ကြသည်ကို ကိုကိုက
သတိပေးနေရသည်။တောင်ထိပ်ပေါ်မှာ ဆံတော်ရှင်ဘုရားတစ်ဆူသာ
ရှိ သည် ။တပေါင်းလမှာ ပွဲတော် ဖြစ်တဲ့ ဒီဇွဲကပင်တောင်
ကို ကရင်ပြည်နယ်က လူများသာမက
မွန်ပြည်နယ်က လူတွေကပါ လာရောက်
တက်ကြသည် ။ အားလုံးပျော်ပျော်ရွှင်ရွှင်တောင်တက်
ကြပြီး တစ်ယောက်က မတက်နိုင်တော့လျှင်
ကြုံရာလူကို လက်ဆွဲပြီး တောင်တက်ကြ သည် ဟု
ကိုကို ပြောပြတော့ ကျန်တဲ့ လူတွေက
အံ့သြ နေကြပြီး ကောင်မလေး လှလှလေးများ
ကိုသာ ရွေး၍ ဆွဲတက်မည်ဟု တစ်ယောက်က
အရွှန်းဖောက်သည် ။ ကိုကိုတို့အားလုံး
ရယ်ကြ ရပြန်သည်။ကိုကိုက ရင်းနှီးလွယ်သောသူ မဟုတ်ပေမဲ့
လူတိုင်းနှင့် လိုက်လျောညီထွေ နေထိုင်တတ်
သည့်သူမျိုးမို့ ဒီခရီးစဉ်ကိုအကြောင်းပြု ၍
မိတ်ဆွေ များ ရလာသည်။ ရယ်လိုက်ရင်
ကကြီးပုံပေါ်လာတဲ့ နှုတ်ခမ်းက
လူတိုင်းအမြင်ကိုနွေးထွေးစေပြီး
အရပ်မြင့်မြင့် ပိန်ပိန် နှင့် ဆံလိမ်ကလေးများ
ရှိတဲ့ကိုကိုက တစ်မျိုးလေး ထင်းနေသည်မို့
Campထဲမှာရှိတဲ့ လူတိုင်းက ကိုကို့ကို
ခင်ကြသည် ။ ဒီနယ်တဝိုက်က ကိုကို
ရောက်ဖူးနေသားမို့လို့လည်း ကိုကို့ကို
မေးမြန်းရင်းဖြင့် လမ်းပြသဖွယ်လေး
ဖြစ်၍ နေလေသည်။