"မမ က ပြောတယ်
သူမမှာ ချစ်ရတဲ့သူရှိတယ်တဲ့ "စားပွဲတစ်လုံးသာခြားတဲ့
မျက်နှာချင်းဆိုင်ခုံက
ငယ်ငယ်ရွယ်ရွယ်ကောင်ငယ်ကလေးက
ဆက်ပြောနေတယ်။ သူ့ကြည့်ရတာ
သူပြောချင်တဲ့ အကြောင်းအရာထဲ
သေချာ နစ်ဝင်နေပုံပင်။ သူ့ကိုယ်တိုင်
ဆွဲထုတ်ဖို့မကြိုးစားသလို အတိတ်ထဲတိုးဝင်နေရတာ
သူ နှစ်သက်နေတဲ့ပုံမို့ ကျွန်တော် အသာအယာ
စောင့်ကြည့် နေသေးသည်။တစ်ဖက်က ဒါရိုက်တာက ဆက်မေးလို့
ပြောဟန်မျိုး လက်ကို ဆတ်ဆတ်ပြနေသည်။
ကျွန်တော်သိကြောင်းကို ခေါင်းအသာ ဆတ်ပြလိုက်
တော့ လက်မ ထောင်ပြ၏။လူငယ်လေးက ရင်မောဟန်ဖြင့် ရပ်သွားပြီး
စားပွဲအောက်ခြေကို ငေးကြည့်နေသည်ကို
ကျွန်တော် သတိထား မိတော့ နောက်ထပ်မေးရမည့်
မေးခွန်းကို အသာချောင်းဟန့်၍ မေးဖို့ပြင်လိုက်သည်။
ဒီတော့မှကောင်လေးက မော့ကြည့်ရှာသည်။
ကျွန်တော်နဲ့အကြည့်ချင်းဆုံသည်နှင့် ပြုံးပြပြီး
ရင်းနှီးမှု ယူလိုက်သည်။ ဒါဟာ တစ်ဖက်လူ
စိတ်သက်သာစေရန် အစီစဉ်တင်ဆက်သူ
တစ်ယောက်ရဲ့အပါးနပ်ဆုံး လုပ်ရပ်တစ်ခု ဖြစ်သည်။"ဆိုတော့ ညီလေးရဲ့ အမက ညီလေးအတွက်
အရေးပါ ပုံပဲ"ကျွန်တော့်အမေးကို ကောင်လေးက ခေါင်း တဆတ်ဆတ်
ညိမ့် ပြသည်။ အတော်ကို အမ ချစ်တဲ့ ကလေးပဲ ။
ကျွန်တော်သဘောကျမိသည်။" အမ အကြောင်းကို ဆက်ပြောပြလို့ ရမလား "
request လုပ်လိုက်ပေမဲ့ ဒီလို showကတော့
မဖြေချင်ရင်တောင် ငြင်းလို့မရပါ ။ အနည်းငယ်တော့
ဖြေ ပေးရမှာပဲ။အောင် ကတော့ သတင်းလုပ်လို့ကောင်းမည့် မေးခွန်းမျိုး
မေးလိုက်သည်မို့ ဒီshowက အင်တာနက်စာမျက်နှာ
မှာ ပလူပျံ နေဦးမှာမလွဲ။ အမ ကို သိပ်ချစ်တဲ့
မောင်လေး အလိမ္မာ လေးပေါ့ ။ သတင်းအောက်မှာ
တက်လာမဲ့ သနားကြင်နာတဲ့ commentsများ
ကလည်း ပဒူအုံ လို တက်လာကြတော့မှာမို့
အောင် ကျေနပ်စွာ ပြုံးလိုက်သည်။" မမ က ကျောင်းဆရာမ ဗျ
ကျွန်တော့်ကိုအရမ်းချစ်တာ
သူ က ကျွန်တော် ဘာလိုလို
ဖြည့်ဆည်းပေးတယ်ဆိုပေမဲ့
စည်းကမ်းနဲ့ ထားတော့
တစ်ခါတခါ ကျွန်တော် စိတ်ဆိုးတာပေါ့ ဗျာ"