" ရော့ "
ကိုကိုက အအေးဘူးလေးကို
ကမ်းပေးသည်။ အောင် က
လှမ်းယူပြီး ကလစ်ကို ဆွဲဖွင့်
လိုက်တော့ ဆူ တက်လာတဲ့
ကိုလာ အမြုပ်များက တစီစီ ။ အောင်က နှုတ်ခမ်း ပါးဖြင့်
ဖိစုပ်လိုက်တော့ အမြုပ်တွေ ပျောက်သွား
သည်။ အမြုပ်တွေ ပေနေတဲ့ နှုတ်ခမ်းကို
လက်ဖြင့်သုတ်လိုက်ပြီး အအေးကို မော့သောက်
လိုက်၏။အောင်သည် ကိုကို့ကို အချိန်ပေးနေခြင်းဖြစ်သည်။
အောင့်ကို ဖက်ပြီး ကိုကို ဘာကြောင့်
ငိုရသလဲ ဆိုတာ သိရဖို့ အောင် က
အချိန်ယူ စောင့်ဆိုင်းနေသည်။
တစ်ဖက်သား ပြောတာကို သိချင်ရင်
သူအဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်
ရမည့်စည်းမျဉ်းကို အောင်သိသည်။အောင်က မျက်မှန်ကို ပင့်တင်လျက်
ကိုကို့ကို စောင်းကြည့်လိုက်သည် ။
အောင့်မျက်မှန်က အနီးမှုန် ဖြစ်သည် မို့
ပုံမှန်ဆိုရင် ချွတ်ပြီးနေလို့ရသည်။
သို့သော် ငယ်ငယ်ကတည်းက
အကျင့် ဖြစ်နေပြီဆိုတော့အပြင်မှာလည်း
မချွတ်တမ်းသာ တပ်ထားမိတာ ဖြစ်သည်။အောင့်ရဲ့ စိတ်ရှည်မှုက အကန့်သတ် ရှိသော်လည်း
ဒီကလေးကိုတော့ အကန့်သတ် ထား၍ မရချေ။
သူ့တစ်ယောက်ကိုတော့ အောင် သည်းခံနေရသည်။" ကျွန်တော် Camp ဝင်ရမယ်"
" အင်း သိတယ် "
ပုံမမှန်တဲ့လူလို ဖြစ်နေတဲ့ ကိုကိုက
အောင့်ရဲ့ ဟာကွက်ကို မရိပ်မိ ။
အမှန်က အောင်သည် ကိုကို့ဘက်မှာ
တစ်ဖက်က အေဂျင်စီကို ထောက်ခံပေးခဲ့တာ
ဖြစ်သည်။ အောင့် သူငယ်ချင်း လည်း ဖြစ် ၊
ဝါသနာအိုးလည်း ဖြစ်နေတဲ့ သူငယ်ချင်းက
ကိုကို့လို လူသစ်တွေကို စိတ်ဝင်စားသည်ဟု
ဆိုကာ လက်ခံပေးခဲ့သည်။ကိုကို က သူ့ကျောအလျားရှည်ရှည်ကို
ကုန်းချ၍ ဒူးနှစ်ဖက်ကို ပြန်ပိုက်ထားသည်။
နှစ်ယောက်လုံးက ပလက်ဖောင်းပေါ်မှာ
ငုတ်တုတ်ကလေး ထိုင်နေ သည်မို့
ဖြတ်သွားဖြတ်လာများက စောင်းငဲ့ကြည့်
နေကြသည်။ အောင့်မျက်နှာ က
မီးတိုင်မရှိတဲ့အမှောင်ဘက်မို့
လူတွေ မမှတ်မိကြတာ တော်သေးသည်။