တစ်ချို့ အရာတွေက တစ်ကယ် ဖြစ်ပျက်ခဲ့တာလား။
အိမ်မက်ထဲမှာပဲ ပြီးသွားခဲ့တာလား ။ထပ်ဖြစ်ဖို့အတွက် မသေချာတော့တာလား။
ဘ၀မှာတစ်ခါသာဖြစ်ခဲ့တဲ့ ပြန် မရနိုင်တော့တဲ့ ငယ်ဘ၀တွေများလား။
အိုး
ဘာပဲဖြစ်ဖြစ်ပါ ။
ပြန်မရနိုင်တော့လည်း မယူရုံပေါ့လေ။ ၀မ်းနည်းရတာများအဆန်းလုပ်လို့ ။
နောက်တစ့်နေ့ပြန်ရောက်ပျောက်ပေါ့။ဒီလိုပဲကိုကို တွေးလိုက်တော့တာပဲ။
အားပေးမဲ့လူမရှိတော့လည်းဘာအရေးလဲ၊ မှီတွယ်စရာပုခုံးကို ရှာနေရမှာတဲ့ လား။ဝေလာဝေးပါသေးသည်။ ကြမ္မာကို ခါးစောင်းတင် လိုက်မယ်။ လာချင်သလောက်သာလာစမ်း။
ဟွန့်..နှာမှုတ်သံကကျယ်သွားသလား ။ အောင်ပညာရဲ့ နားကပဲ ပါးလွန်းလေလားမသိပါ။
လှည့်ကြည့်လာတဲ့ ပေစောင်စောင် မျက်နှာက မျက်ပေါက်ကျဉ်းများတောင် အတန်ငယ်ကျယ်လာသည်။
နှာခေါင်းကို ကုတ်ပြီး မသိချင်ယောင်ဆောင်ဖြစ်သည်။ အောင်ပညာ ကတစ်ဖက်သို့ ပြန်လှည့်သွား၏။
ဒီနေ့အတွက်ကိုကိုတို့ရေပေါ်ဈေးကို လာခဲ့ ရသည်။ အောင်ပညာ အကူအညီတောင်းခဲ့လို့ လာခဲ့ရပြီးမှ
နေရာလွတ်များက ရှားပါးလွန်းစွာ လူများဖြင့် ပြည့်သိပ်နေတော့သည်။ ဘားအံမြို့ရဲ့ရေပေါ်ဈေးက သန့်ရှင်းသပ်ရပ်၍ အစားအသောက်များကကောင်းမွန်လှသည်ဟု နာမည်ကြီးသောကြောင့် အားသွန်ပြီးလာခဲ့ကာမှ နေ၇ာမရဖြစ်တော့ချေသည်။အစားအသောက်တန်းရဲ့ ကပ်ရပ် အနိမ့်ပိုင်းမှာရှိတဲ့ ကန်သာယာ မှာသာ ထိုင်ကြရသည့် အဖြစ်သို့ရောက်လေသည်။ ၀ယ်လာတဲ့ ၀က်သားကင်နဲ့ ဆိုင်ကော်လုံးများက အောင်ပညာရဲ့ ၀ါးမျိုမှုအောက်မှာအစပျောက်၏။ကိုလာလေးနှစ်လုံးဝယ်လာ၍သာတော်သေးသည်။တစ်ယောက်တစ်ဘူးနှုန်းမို့ ဝေစုကခွဲစရာမလို။ လုစရာလည်းမလိုတော့။
အစားအသောက်သိပ်ကြိုက်သောကိုကို့အတွက် ကိုလာနဲ့ မြည်းစရာဘာမျှမကျန်တော့သည့်အပြင်
ခပ်လှမ်းလှမ်းက မိသားစုတွေကြောင့် မစားထားရတဲ့ အစာက မကြေစဖွယ်ဖြစ်လာသည်။
ထို့ကြောင့်ကိုကို မကြာသေးခင်က နှာမှုတ်ပြီး အူတိုမိခြင်းဖြစ်သည်။ပျော် ရွှင်စရာကောင်းတဲ့ မိသားစုတွေ ၊ ပျော်စရာတွေ ကို မျှဝေနေတဲ့ မောင်နှမတွေ ၊ သမီးရည်းစားတွေ
ဒီလူတွေ အားလုံးက အလိုမကျစရာချည်း ဖြစ်နေသည်ပဲ။
ကောင်းကင်ကိုမော့ကြည့်တော့ ၀င်စပြုနေတဲ့ တိမ်အရောင်ဆည်းဆာတောက်တောက်၊
ကန်ရေပြင်ကိုငုံ့ကြည့်တော့ စိမ်းဖန့်ဖန့်ရေအရောင်နှင့် လှတပတ သဘာဝတရားကြီးကတောင်မျက်စိချဉ်စရာ။
ဘေးကိုလှည့်ကြည့်မှသာ၍ဆိုးသည်။ ၀က်သားကင်တွေ သီထားတဲ့ စားပြီးသားအကြွင်းအကျန် တုတ်ချောင်းကို
ထိုင်ရေနေတဲ့ ၆၀ရဲ့ အသက်တစ်ဝက်လူကြီးက မျက်စိနောက်စရာ၊။