ရဲစခန်းမှာ တိုင်ကြားခဲ့ ပြီး
ပြန်ထွက်လာသည့် ကိုကို့  ပုံစံက
ခပ်နွမ်းနွမ်း။ အောင် က
အလုပ်ပြီးလျှင်ပြီးချင်း လိုက်သွား
တော့ အိမ်ရှေ့မှာ ငိုင်ကျနေတဲ့
ကိုကို့ကို တန်းတွေ့ သည် ။
သွားရှာခဲ့သည်တဲ့ ။
လမ်းတစ်လျောက် အရူး လို
လိုက်ကြည့် ခဲ့ပြီး မတတ်သာ
တော့လို့ ပြန်ခဲ့သည်တဲ့ ။
စခန်းကို အကြောင်းကြားပြီးပြီလား
ဆိုတော့ မလုပ်ရသေးဘူးတဲ့ ။
ဒါနဲ့များ အောင် ဘယ်လို စိတ်ချနိုင်မှာလဲ ။
ဒီကောင်လေးဟာစိတ်မာသယောင်ထင်ရပေမဲ့
အတွင်းစိတ်ပျော့တာ အောင် သိလာသည်မို့
ပိုပြီး စောင့် ရှောက်ပေးဖို့သာ ရှိသည် လေ ။အောင်သိထားတဲ့ မှောင်ခို ဈေးကွက်ကို
အနည်းငယ် ဖြန့်ကျက်ပြီး မေးကြည့် သည် ။
ဒီလို ဆိုင်ကယ်မျိုး ရောက်မလာ တာပါတဲ့ ။
နှစ်ရက်သုံးရက်လောက်နေလို့မှ ပြန်မတွေ့ရင်
တစ်ခုခုတော့ စီစဉ်ရတော့မည် ။
camp ကလည်း တစ်ပတ်လောက်နေရင်
စတော့မှာ ။အောင်က သင်ပြင်းမောကြီးကို ချ လျက်
ကိုကို့ ကို ရပ်ကြည့် နေ မိသည် ။
အိမ်ရှေ့ အုတ်လှေကားမှာ ခါးကို
ကိုင်းပြီး ခေါင်းကြီးငုံ့ထားတဲ့ ကိုကို ။
အောင်က ကိုကို့ ဆံလိမ် နွဲ့ နွဲ့လေးတွေကို
ထိကိုင် လိုက်တာတောင် ပြန်မော့မကြည့်လာ။" ကိုကို ရှာတွေ့ လား "
ခြံဝကနေ ပြေးဝင်လာတဲ့ လူငယ်ကို
အောင်လှည့်ကြည့်လိုက်သည်။
ကုတ်ထိကျနေတဲ့ ဆံပင်နဲ့
ကောင်လေးက ကိုကို့ဆီ
တန်းတန်းမတ်မတ်ပြေးဝင်သွား သည် ။" ငါ လည်း လိုက်ရှာ ကြည့် ပြီပြီ ကွာ
လက်လှမ်းမှီရာလည်း စုံစမ်းပြီးပြီ
ငါ့အပြစ်ပါကွာ
ငါညက မူးပြီး ပြန်လာလို့ ဖြစ်ရတာ
ခြံတံခါး သာ ပိတ်ခဲ့ရင် ဒီလို ဖြစ်မှာ
မဟုတ်ဘူး "ကောင်လေးက ကိုကို့ရဲ့ တစ်ဆင့်နိမ့်တဲ့
အုတ်လှေကား မှာ ထိုင်ပြီး ကိုကို့ခြေထောက်ကို
ဖက်တွယ်ရင်း ဆိုနေသည်။" ဟုတ် တယ် အကို့ အပြစ်ပဲ ဒါပေမဲ့
ခြံလုံတယ်ဆိုပြီး ဇာတ်သော့မခတ်မိတာ က
ကျွန်တော့အမှား ၊ ဒီလို ဘဝကို ရောက်ချင်လို့
အားလုံးကို စွန့်လွှတ် ရလိုက်ရတာလည်း
ကျွန်တော့်အမှားပဲ "