{Zawgyi}
" Chanyeol ရောက်လာပြီလား မင်းဆရာက
စာကြည့်ခန်းထဲမယ်...သားရောက်လာရင် အဲ့ကိုပဲ
လွှတ်လိုက်ပါလို့ မှာထားတယ်...လာ ဒေါ်ဒေါ့်နောက်ကလိုက်ခဲ့...""ဟုတ်ကဲ့ ဒေါ်ဒေါ် ဒါနဲ့ HyunMi ကော US သွားဖို့
စီစဉ်နေပြီဆို...""ဟုတ်တယ် သားရေ...သူအရင်က
လက်လျော့ထားတဲ့ မာစတာဒီဂရီကို အသက်၃၅
မကျော်ခင် ပြန်ကြိုးစားကြည့်ချင်လို့တဲ့လေ...
နောက်လထဲလောက်သွားရတော့မယ်ထင်တယ်...ခုတလောတော့ အိမ်ကိုမကပ်ဘူး..."" ကောင်းပါတယ် HyunMi က ဆရာနဲ့တူလို့
အရင်ထဲကထက်မြက်တာပဲ...ကျွန်တော်တော့
အားပေးတယ်"" သားရော ခုတလော အဆင်ပြေရဲ့လား...နည်းနည်း
မျက်နှာတွေကျနေသလိုပဲ"" ကျွန်တော်အဆင်ပြေပါတယ် ဒေါ်ဒေါ်...ခုတလော
အလုပ်နည်းနည်းများလို့ ပင်ပန်းရုံပါပဲ""အားဆေးလေးဖော်ထားတာရှိတယ်...အပြန်ကျ
ထည့်ပေးလိုက်မယ် ယူသွားပြီးသေချာသောက်နော်""တကူးတကကြီးမလုပ်ပါနဲ့ ဒေါ်ဒေါ်ရယ်..."
"တကူးတကမဟုတ်ပါဘူး မင်းဆရာအတွက်
တိုင်းရင်းဆေးခန်းမှာ သွားဖော်ခိုင်းထားတာ...
အများကြီးဖြစ်နေတာမို့ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါနဲ့..."" ဟုတ်ကဲ့ အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်"
HyunMi အမေက သဘောကောင်းကာ စိတ်ထား
နူးညံ့သည်။ HyunMi ထက်မြက်သည်က
ပါမောက္ခနှင့်တူသည်ဟုဆိုလျင် Baekhyun.၏
သိမ်မွေ့ခြင်းတွေက သူ့အမေဆီက အမွေရသည်ဟု
ဆိုနိုင်လေသည်။" သားဝင်သွားလိုက်...အခန်းတံခါးစေ့ထားတယ်"
"ဟုတ်ကဲ့"
သူတံခါးချပ်ကို သုံးချပ်ခန့်ခပ်ဖွဖွ ခေါက်လိုက်သည်။
ပါမောက္ခက စာရွက်တွင်တစ်စုံတစ်ခုရေးသားနေရာ
မှမော့ကြည့်လာသည်။" လာ Chanyeol ငါကမင်းနည်းနည်းနောက်ကျမှ
ရောက်မယ်ထင်တာ..."
YOU ARE READING
MY YOUTH IS YOURS~ Mariposa ~
Fanfictionသေဆုံးခဲ့ပြီးတဲ့ နှလုံးသားကို ပြန်ရှင်သန်လာဖို့ သူပဲပြုစုပေးတတ်ခဲ့တယ် ဒါပေမယ့် သူဟာ ဖြူစင်လွန်းလို့ ကိုယ်နဲ့ထိုက်တန်ပါ့မလား ကလေးငယ်....