4. Growing in Love

879 199 22
                                    

{Zawgyi}

Baekhyun ဒီ​နေ့အတန်း​စော​စောပြီး၍ ပြန်​​ရောက်​တာ​စောသည်​။ Chanyeol က​တော့ အများအားဖြင့်​ ည၉နာရီ၊ ၁၀နာရီ​လောက်​မှအိမ်​ကို
ပြန်​​ရောက်​တတ်​သည်​။ရောက်​တာနဲ့ ​ရေမိုးချိုးပြီး
သူ့အခန်းထဲမှာပဲ လုပ်​စရာရှိတာလုပ်​ပြီး အိပ်​ရာ
တန်းဝင်​တတ်​သည်​ဖြစ်​ရာ ပိတ်​ရက်​​လောက်​ကလွဲ၍
Chanyeol နှင့်​ သူ​တွေ့ရသည်​သိပ်​မရှိ။

"​တော်​​သေးတယ်​ မိုးမရွာခင်​ပြန်​​ရောက်​လို့...
မနက်​က​လျှော်​ထားတဲ့အင်္ကျီ​တွေ​ခြောက်​​နေပြီကို"

သူဝရန်​တာက အ၀တ်​စင်​မှာလှန်းထားသည့်​ အ၀တ်
တွေကိုရုတ်​ဖို့ပြင်​သည်​။ သူဒီအိမ်​မှာ​နေကတည်းက
အ၀တ်​​လျှော်​၊ အိမ်​သန့်​ရှင်း​ရေးလုပ်​တာကူညီ​ပေးဖြစ်​သည်​။

ချမ်းသာပြည့်​စုံစွာကြီးပြင်းလာရသူဖြစ်​၍ သူ့အတွက်​ အိမ်​မှုကိစ္စဆိုတာ အစိမ်းသက်​သက်​လို။
Chanyeol နှင့်​နီးနီးကပ်​ကပ်​​နေချင်​လွန်းလှ၍
သူ၏ဥာဏ်​နီဥာဏ်​နက်​​လေးများကို ထုတ်​သုံးကာ
စာ​လေ့လာရာတွင်​ အ​ထောက်​အကူရရန်​ဟု
အ​ကြောင်းပြကာ အ​ဖေဖြစ်​သူကို မရမက
တောင်းဆိုခိုင်းခြင်းဖြစ်​သည်​။

အ​မေက​တော့ သားအငယ်ေ​လးကိုသိပ်​စိတ်​မချ၍
မလွှတ်​ချင်​။ Chanyeol ကိုအားနာတာလည်း ပါသည်​။ သို့​သော်​ သူကအဆင်​​ပြေ​အောင်​​နေပါ့မည်
ဟုအာမဘ​န္တေခံကာ လာ​နေ​နေခြင်း။

တစ်​ပါတ်​တစ်​ခါ​တော့အ​မေနှင့်​အတူ အိမ်​က
အ​ဒေါ်ကြီး​တွေနဲ့သန့်​ရှင်း​ရေးလုပ်​ကာ
ဟင်းချက်​ထားသည်​များ လာပို့သွားတတ်​သည်​။

အစပိုင်းက သူမလုပ်​တတ်​၍ အလွဲလွဲအ​ချော်​​ချော်​။
သန့်​ရှင်း​ရေးလုပ်​ရင်း Chanyeol၏စာရွက်​စာတမ်း
များကို အမှိုက်​နှင့်​တစ်​ခါမှားပစ်​မိသည်​။

အ၀တ်​​လျှော်​စက်​နှင့်​​လျှော်​ရ၍ လွယ်​မည်​ထင်​ကာ
အ၀တ်​​လျှော်​စဉ်​ ဆပ်​ပြာမှုန့်​ကို မချိန်​တတ်​၍
အင်္ကျီ​တွေ​တော်​​တော်​နှင့်​ မစင်​​တော့။ သူ့​ကြောင့်
Chanyeol ​၏ရှပ်​အင်္ကျီ​အချို့မီးကျွမ်းကုန်​သည်​။

MY YOUTH IS YOURS~ Mariposa ~Where stories live. Discover now