{Zawgyi}
" Chanyeol Hyung လက်ထဲက ကော်ဖီက
ဘယ်ကနေဘယ်လို လှည့်ပြီး ဝင်ဝယ်ခဲ့တာလဲ""ငါဝယ်လာတာမဟုတ်ဘူး..."
"ဘယ်သူဝယ်ထည့်ပေးလိုက်တာလဲ...ရိုးတော့မရိုး
တော့ဘူးပဲ""ဘာတွေလျှောက်မေးနေတာလဲ...အတန်းဝင်စရာ
ရှိသေးတယ်မလား သွားတော့လေ""သွားမှာပါ..."
Sehun ကသူနှင့် စီနီယာဂျူနီယာလည်းဖြစ်ကာ
ဤဌာနတွင် သူနှင့်အခင်ဆုံးသူငယ်ချင်းဟုလည်း
ဆို၍ရသည်။ သူ့ထက်ငယ်ပေမယ့် Sehun က
သူ့အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက်ကောင်း
တစ်ဦးလည်းဖြစ်နေပြန်သည်။မနေ့က ဟိုကလေးကို သေချာဖျောင်းဖျပြီးသူ့အိမ်ကို
ပြန်လိုက်ပို့ပေးခဲ့လိုက်သည်။ Baekhyun မိဘများ
ကသူ့ကို ဒေါင်းတောက်အောင် ရှာနေကြကြောင်း
အိမ်လိုက်ပို့မှသိလိုက်ရသည်။ ပြန်လာပြီး အိမ်ကို
မပြန်ပဲ လေဆိပ်ကနေ သူ့ဆီတိုက်ရိုက်လာခြင်း
ဖြစ်သည်။ဒီနေ့မနက်လည်း သူ့ဆီရောက်ချလာပြန်ကာ ကော်ဖီ
တစ်ခွက်ကိုလက်ထဲအတင်းထိုးထည့်သွားပြန်သည်။
ကလေးတွေများ ချစ်မိရင်တဇွတ်ထိုးပါပဲလား...။ သူ၏ဆယ်ကျော်သက်ရွယ်က ရူးမိုက်ခဲ့ဖူးသည်များကိုပြန်တွေးမိကာ ပြုံးမိသွားသည်။ထိုအတိတ်တွေသည် လှပခဲ့ဖူးသလို နာကျင်ရသည်။
အချစ်ဆိုသည့်အရာကို သူစတင်တွေ့ရှိခဲ့ချိန်သည်
Baekhyun ထက်ပင် ငယ်သေးသည့် အသက်အရွယ်၌...။Yeji ဟုခေါ်သည့် သူ့သူငယ်ချင်းမလေး။
သူမအမေကမီးတွင်းထဲမှာပင် ဆုံးပါးသွားခဲ့ရာ Chanyeol အမေက ဂရုဏာသက်ပြီး သူမနို့ချိုကိုတိုက်ကျွေးပေးခဲ့သည်။သူတို့နှစ်ယောက်သည် လူလားမမြောက်မီကပင်
မျှဝေခဲ့သည်တို့က အများအပြား။မူလတန်းစမတက်မီကတည်းက Yeji ဘေးတွင် Chanyeol ကအမြဲရှိနေခဲ့သည်။ ခွဲလို့မရခဲ့။
CZYTASZ
MY YOUTH IS YOURS~ Mariposa ~
Fanfictionသေဆုံးခဲ့ပြီးတဲ့ နှလုံးသားကို ပြန်ရှင်သန်လာဖို့ သူပဲပြုစုပေးတတ်ခဲ့တယ် ဒါပေမယ့် သူဟာ ဖြူစင်လွန်းလို့ ကိုယ်နဲ့ထိုက်တန်ပါ့မလား ကလေးငယ်....