{Zawgyi}
~ ခါးခါးသီးသီး ပယ်ချနေတဲ့လက်ကိုမှ
တွယ်ကပ်နေတုန်းဆိုတော့ မင်းမလွန်လွန်းဘူးလား ~နေရောင်ခြည်က ပြတင်းပေါက်မှ ၀င်ရောက်နေသည်မှာ ဖြဖြမျှသာ...။
ဆောင်းဝင်လာစပြုပြီဖြစ်၍
နေရောင်ခြည်က ပိုမိုနွေးထွေးသက်ဝင်လာသလို။နေရောင်ခြည်ဖျော့ဖျော့က ပံ့ပိုးပေးနေသော
အလှတရားတစ်ခုကသူ့မျက်စိရှေ့တင်။ထိုသူကEarphone ကိုနားတွင်တပ်ကာ သူ့ရှေ့မှ
စာအုပ်ထူထူကို အာရုံစူးစိုက်နေသောကြောင့်
ပတ်ဝန်းကျင်ကို ဂရုမပြုအားချေ။အခြားစာအုပ်အထူကြီးတွေလည်း သူ့ရှေ့မှာ
အများအပြား။မနက်တည်းက စာအုပ်တွေဖတ်လိုက်၊ ရေးမှတ်စရာတွေကို သူ့စာအုပ်ထဲချမှတ်လိုက်နှင့် အလုပ်ရှုပ်နေသည်ကိုသူကအေးအေးလူလူ
ထိုင်ကြည့်နေမိသည်။ထိုသူကို သူသတိထားမိနေသည်မှာ ရက်သတ္တနှစ်ပါတ်မျှရှိပြီ။
အမြဲထူးထူးဆန်းဆန်းစာအုပ်အထူကြီး
တွေကြားခေါင်းမြှပ်နေတတ်သည်။ပုံစံကြည့်ရတာ
စာလေ့လာနေသော မာစတာကျောင်းသား ဒါမှမဟုတ် ဒေါက်တာတန်းတက်နေသော
ကျောင်းသားဖြစ်နိုင်သည်။ရုပ်ရည်က ရှင်းသန့်ကာ ရည်မွန်သည့်ဟန်ရှိသည်။
မျက်လုံးဝိုင်းလေးများက အာရုံစိုက်နေချိန်တွင်
အလွန်လှပသည်။တစ်ချက်တစ်ချက် နှုတ်ခမ်း များကို လှုပ်ရှားလိုက်ချိန်တွင်ဂေးရေးမျှပေါ်လာသော ပါးပြင်ရှိ အရာလေးကလည်း တစ်မျိုးကြည့်ကောင်းနေသည်။
ထို့ပြင် သူနှင့်မတူပဲ ထူထဲနီမြန်း
သောနှုတ်ခမ်းနှစ်လွှာ...။ နေစမ်းပါဦး။ ယောက်ျား
ချင်းကို ငါဘာတွေအဲ့လောက်စိတ်ဝင်စားနေပါလိမ့်။
أنت تقرأ
MY YOUTH IS YOURS~ Mariposa ~
أدب الهواةသေဆုံးခဲ့ပြီးတဲ့ နှလုံးသားကို ပြန်ရှင်သန်လာဖို့ သူပဲပြုစုပေးတတ်ခဲ့တယ် ဒါပေမယ့် သူဟာ ဖြူစင်လွန်းလို့ ကိုယ်နဲ့ထိုက်တန်ပါ့မလား ကလေးငယ်....