{Zawgyj}
~ ကျွန်တော်မပိုင်တဲ့ ခင်ဗျားကို အခြားတစ်ယောက်
ပိုင်သွားမှာ ကျွန်တော်သိပ်ကြောက်တာပဲ~#DearBias
" Baekhyun ဒီနေ့ Noona ရဲ့ခင်ပွန်းလောင်း
အိမ်ကိုလာလိမ့်မယ် ညနေစာတူတူစားမှာဆိုတော့
ရေမိုးချိုးပြီး ပြင်ဆင်ထားဦး Noona အခန်းထဲမှာ
Baekhyun ဖို့ဝတ်စုံထည့်ပေးထားတယ်..."HyunMi Noona ၏ခင်ပွန်းလောင်းဖြစ်လာမည့်
သူက အဖေအလုပ်လုပ်ခဲ့သည့်ကျောင်းက သူ၏
အားအကိုးရဆုံးတပည့်ဟုဆိုသည်။စာတော်ပြီး Biology နှင့်ပက်သတ်လျင် ထမင်းမေ့
ဟင်းမေ့ Lab ထဲတစ်နေကုန်အချိန်ကုန်သည်ထိ
ရူးသွပ်သည်ဟုဆိုသည်။ သူ့အဖေလိုပင်...။" Noona ကပျော်နေပုံပဲ...သူကချောတယ်လား..."
" ဟဲ့ ငါယူမယ့်သူက ချောရမှာပေါ့ ဒါအခြေခံအဆင့် ပဲရှိသေးတယ်....လုံးဝခန့်ညားနေတာ နင်ညနေကျ
ကြည့်ကြည့်လိုက်...."" OMG Noona တစ်ယောက်လုံးဝကြွေဆင်းနေတာပဲ...ကျောင်းတုန်းက အချေတစ်လိုင်း
ဖြစ်ခဲ့တာသူမဟုတ်သလိုပဲ..."Noona ၏ မျက်လုံးလေးများက ရှက်ရိပ်သန်းသွား
သည်။ သူတစ်ခါမှ မမြင်ဖူးသည့် Noona ပုံစံကို
ပြုံးပြုံးလေးကြည့်နေမိသည်။" အချစ်ကိုတွေ့ရင် နင်လည်းအဲ့လိုပဲဖြစ်လာလိမ့်မယ်
အချစ်က လူတွေကိုပြောင်းလဲနိုင်တယ်..."" ဟုတ်ပါပြီ Noona ချစ်တတ်လာလို့ ဂုဏ်ယူပါတယ်....haha"
အသည်းကွဲဖို့ နာရီများကိုသူကြိုတင်၍ မရေတွက်ခဲ့မိပါ။
-----------" Baekhyun ရေချိုးတာကြာလိုက်တာ အောက်မှာ
လူကြီးတွေက စောင့်နေပြီ...ဧည့်သည်လည်း
ရောက်နေပြီကို..."" ခဏလေး Noona ခေါင်းလျှော်လိုက်လို့....
လာခဲ့မယ် မစောင့်ပဲစားနှင့်လိုက်တော့လို့...""မြန်မြန်လုပ်နော်..."
" အင်းပါ Noona ရဲ့ သတို့သမီးလောင်းက
ကိုယ်တိုင်လာခေါ်နေတယ်...အဒေါ်ကြီးတွေနဲ့
ခေါ်ခိုင်းလိုက်ရင်ရတဲ့ဟာ...."
YOU ARE READING
MY YOUTH IS YOURS~ Mariposa ~
Fanfictionသေဆုံးခဲ့ပြီးတဲ့ နှလုံးသားကို ပြန်ရှင်သန်လာဖို့ သူပဲပြုစုပေးတတ်ခဲ့တယ် ဒါပေမယ့် သူဟာ ဖြူစင်လွန်းလို့ ကိုယ်နဲ့ထိုက်တန်ပါ့မလား ကလေးငယ်....