My Lovely Author(Uni)

4.7K 349 215
                                    

ကြိုပြောထားမယ် 15+တွေပါတယ်နော် 15+ကြီးတောင်နော်🙄🙄

"တောက်စ်....ရိုင်းလိုက်တာ..."

အခန်းတစ်ခန်းမှ ထွက်လာသော ကောင်လေးတစ်ယောက်ရဲ့အသံဖြစ်သည်

"ဒါအဓိပ္ပယ်ရှိရဲ့လား နှစ်ပတ်...နှစ်ပတ်တောင်ရှိပြီ updateမတင်ပေးတာ ဘယ်လိုသာသာမျိုးလဲ.."

ဖုန်းကိုကြည့်ကာ ပြောဆိုနေတဲ့ထိုကေုင်လေးကတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးကုမ္မဏီ TTTရဲ့ CEOတိမ်တံခွန်ထက်ဖြစ်သည်
ပြီးတော့ Fudanshiတစ်ယောက်ပေါ့
wattpadဖတ်ရတာကို ကြိုက်နှစ်သက်ပြီး အခုလည်း အရမ်းကြိုက်တဲ့ficလေးက updateမတင်တာနှစ်ပတ်ရှိပြီဖြစ်တဲ့အတွက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ သာသာကိုကျိန်ဆဲနေသည်

"ဘယ်လိုသာသာလဲ အရူးသာသာ updateမမှန်တဲ့ သာသာစုတ် သာသာနာ..."

ထို့နောက် တံခွန် ဖုန်းကိုကိုင်ကာ နံပါတ်တစ်ခုကိုလှမ်းဆက်လိုက်လေသည်

"Hello ကောင်းထက်....ပြောစရာရှိတယ်...."

"....."

"အဲ့ဒီ့လူရဲ့ အိမ်ကိုမရရအောင် ရှာခဲ့..."

"..."

တစ်ဖက်ဖုန်းသံဆုံးသည်နှင့် တံခွန် ဖုန်းကိုချကာ ခစ်ရွဲ့ရွဲ့တစ်ချက်ပြုံးလိုက်လေသည်

"တွေ့ကြပြီပေါ့ သာသာစုတ်..."

ပြီးနောက် တံခွန် သာသာစုတ်ကို သွားတွေ့ဖို့ ရေချိုးခန်းထဲကိုဝင်ကာ ရေမိုးချိုးတော့သည်

ရေချိုးပြီး အဝတ်အစားလဲပြီးတော့ တံခွန် ဗီရိုထဲမှာ သေနတ်တစ်လက်ကိုထုတ်ကာ ပြုံးလိုက်လေသည်

"မင်းရဲ့ ခေါင်းကို ငါ့သေနတ်နဲ့ထောက်ပြီးတော့ကို ရေးခိုင်းမယ် သာသာစုတ်......"

ဖုန်းထဲက လိပ်စာနံပါတ်ကိုကြည့်ပြီး တံခွန် အိမ်ပြင်ကိုထွက်ကာ ကားတစ်စီးယူပြီး တစ်နေရာသို့ထွက်သွားလေသည်

ခဏကြာတော့ တံခွန်နေရာတစ်ခုကိုရောက်လာခဲ့သည်
တစ်ထပ်အိမ်တိုက်ပုလေးမှာ အဖြူရောင်ဆေးသုတ်ထားပြီး ခြံဝန်းလေးကအနည်းငယ်ကျယ်ကာ လှပတဲ့အိမ်လေးဖြစ်သည်

My Lovely AuthorWhere stories live. Discover now