"ဘုတ်..."
ရဲမတ်ရဲ့ဆောင့်သွန်းခြင်းကိုခံလိုက်ရတဲ့အတွက်ကြောင့် အရှိန်မထိန်းနိုင်ဘဲ မြေပြင်သို့လဲကျသွားရသော ကောင်လေး
ထိုကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးတွေစွန်းကာ ကြည့်ချင်စရာတစ်စက်မှမရှိပေ
"အရှင်...သူက မက်စ်တိုင်းပြည်က အိမ်ရှေ့စံမင်းသား ဂျွန်ပါ...."
ရဲမတ်ရဲ့စကားကို နားထောင်ကာ ထိုကောင်လေးကို သူအသေးစိတ်သေသေချာချာကြည့်နေမိသည်
သွေးအလိမ်းလိမ်းဖြင့်မြေပြင်ပေါ်လဲကာ အားမရှိသည့်ပုံစံမှာ တကယ်ကိုမြင်သူအဖို့ သနားကြင်နာဖွယ်ကောင်းလှသော်လည်း ရက်စ်ဇီစွန် အဖို့တော့ သတ်ပစ်ချင်စရာကောင်းလှသည်
ရက်စ်ဇီစွန်ရဲ့ လော့စလေတိုင်းပြည်ကို လာရောက်ကာပုတ်ခပ်စော်ကားခဲ့တဲ့ မက်စ်တိုင်းပြည်ကို သွားရောက်နှိမ်နင်းကာ အိမ်ရှေ့စံကိုပါ တစ်ပါးတည်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်
"သူ့ကိုနန်းဆောင်တစ်ခုကိုခေါ်သွား......"
ရက်စ်ဇီစွန်ရဲ့သြဇာပြည့်ဝတဲ့အသံ ထွက်ပေါ်လာခဲ့သည်
ရက်စ်ဇီစွန်ရဲ့အမိန့်ကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ထိုရဲမတ်သည် ဂျွန်လက်တစ်ဖက်ကို သု့ဂုတ်ပေါ်တင်ပြီး နန်းဆောင်သို့ ခေါ်သွားလိုက်သည်
ထို့နောက် သမားတော်တွေကိုပါခေါ်ကာ ဂျွန့်ကို ဆေးကုသပေးကြသည်နှစ်ရက် သုံးရက် ဂျွန်မေ့မြောနေတုန်းပင်
ရက်စ်ဇီစွန်ကတော့ ဂျွန့် အဆောင်သို့အမြဲသွားကာ ဂျွန့်ကိုအမြဲတစ်စေ လာလာကြည့်တတ်သည်တစ်နေ့တော့ ရက်စ်ဇီစွန် အစည်းအဝေးပြီးသည်နှင့် သူ့ရဲ့သရဖူကို အခန်းထဲမှာချွတ်ကာ ဂျွန့်ဆီသို့ထွက်လာခဲ့သည်
"အဟင်း...အင်း.."
အခန်းထဲဝင်ဝင်ချင်း ဂျွန်ရဲ့ညည်းသံကြားတော့ ရက်စ်ဇီစွန် အခန်းထဲကိုပြေးဝင်သွားလိုက်သည်
သူနိုးပြီပေါ့.......အိပ်ရာထဲမှာ နေ၍ ဟိုလိမ့် ဒီလိမ့်လုပ်ကာ ညည်းနေတဲ့ကောင်လေးရဲ့ အနားကိုသွားပြီး သူ့ကိုယ်လေးကိုကိုင်ကာ လှုပ်နိုးလိုက်သည်