Daddy is Author(Zg)

1.5K 133 14
                                    

"ဟျောင့်..ကူညီပါကွာ..."

"မဖြစ်ဘူး ဟေ့ရောင် ငါကလူပျိုလေးလေ.."

"လူပျိုမို့အကူအညီတောင်းတာပေါ့..
"

စားသောက်ဆိုင်တစ်ဆိုင်မှာ ထွက်ပေါ်လာသော ကောင်လေးနှစ်ယောက်ရဲ့အသံဖြစ်သည်
သူတို့နှစ်ယောက်ရဲ့ဘေးတွင်လည်း ၅နှစ်ရွယ်ခလေးတစ်ယောက် ရှိလေသည်

"ဟေ့ရောင် ငါကနိုင်ငံခြားသွားမှာမို့ အဲ့ခလေးကိုခေါ်လို့မရဘူး.."

"အဲ့တာမှန်း မင်းဘာလို့အဲ့ခလေးကို လမ်းဘေးကကောက်လာသေးလဲ.."

မာန် သူငယ်ချင်းဖြစ်သူ လွင်ဦးကိုအော်လိုက်လေသည်
ဟုက်တယ်လေ ကိုယ်လည်းမမွေးနိုင်ဘဲနဲ့ လမ်းဘေးကခလေးကိုကောက်ပြီး ကိုယ့်ကိုလာမွေးခိုင်းနေတယ်
ပြီးတော့ မျက်နှာငယ်လေးနဲ့လာချွဲနေတယ် ပါးကြီးဘဲ doubleလည်ရိုက်ချင်စရာရုပ်နဲ့

"ဟူး.."

မာန်သက်ပြင်းချကာ ထိုခလေးလေးကိုကြည့်လိုက်တော့ သူ့အားအားကိုးတကြီးနဲ့ကြည့်နေတဲ့မျက်ဝန်းလေးတွေ
၁၈နှစ်အရွယ် ကျွန်တော်က ငယ်သေးတယ် ဒီလိုခလေးတစ်ယောက်မွေးဖို့ဆိုတာမဖြစ်နိုင်ဘူး
ကျွန်တော့်အဖေက မြန်မာနိုင်ငံနဲ့အမေရိကန်မှာ ကုမ္မဏီပေါင်းများစွာပိုင်ပြီး စီးပွားရေးလောကကို အုပ်စိုးနေတဲ့ဘုရင်တစ်ပါးပေါ့ အချိန်တန်ရင် ကျွန်တော့်ကသူ့နေရာကိုဆက်ခံရမယ့်သူ ဘယ်လိုဘဲပြောပြော စိတ်ပျော့လို့မဖြစ်ဘူး

"ဟျောင့် ကူညီပါကွာ..ခလေးလေးကလည်းချစ်စရာလေး.."

"တော်ကွာတော် ငါ့လိုနာမည်ကြီးAuthorချောချောလေးက ခလေးတစ်ယောက်နဲ့သာသိရင် ဒါဒါလေးတွေမကြိုက်ဘဲနေတော့မှာပေါ့.."

"ဟျောင့် အပိုမပြောနဲ့ကွာwattpadမှာစာရေးတာလေးနာမည်ကြီးပြီးတော့...ကူညီပါနော်.."

မဖြစ်ဘူး တကယ်လုံးဝမဖြစ်ဘူး သူ့လိုFudanshiလည်းဖြစ် Authorလည်းဖြစ်တဲ့ခပ်ချောချော ကောင်လေးက ခလေးမွေးစားရင် ဘယ်မိန်းမကယူဦးမှာလဲ ခလေးတစ်ယောက်နဲ့မို့လို့ ဘယ်မိန်းမမှမယူဘဲ လူပျိုကြီးဖြစ်မှ သေဦးမယ်

မာန် ထိုခလေးလေးကိုကြည့်ပြီး စိတ်မသက်မသာဖြစ်လာသည်
မျက်လုံးဝိုင်းဝိုင်းလေးက မျက်ရည်လေးတွေလဲ့ကာ အကူအညီတောင်းနေတဲ့ပုံလေးက လူကိုစိတ်ပျော့စေတယ်
နောက်ဆုံးတော့ မာန့်ဆုံးဖြတ်ချက်ချလိုက်ရသည်

My Lovely AuthorWhere stories live. Discover now