Vote Lovers(Un)

2.1K 316 128
                                    

"ဘာလဲ ဒါဘာသဘောလဲ viewsက 778ဖြစ်ပြီး voteက 700တဲ့လား ကျန်တဲ့78ကဘယ်နားသွားသေနေတာလဲ.."

ဧည့်ခန်းတစ်ခန်းမှ ထွက်ပေါ်လာသော ကောင်လေးတစ်ယောက်ရဲ့အသံဖြစ်သည်
ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတာ ဖုန်းကိုကြည့်ပြီးတော့လည်း ကျိန်ဆဲနေတာ မိုးမွှန်နေတာဘဲ

ထိုကောင်လေးကFudanshiတစ်ယောက်ဖြစ်ပြီး wattpadမှာစာရေးတဲ့authorတစ်ယောက်လည်းဖြစ်တယ်
သူရေးထားတဲ့စာအုပ်နှစ်အုပ်တောင်ရှိတယ်
wattpadမှာနာမည်ကြီးစာရေးဆရာတစ်ယောက်ပေါ့

wattpadမှာစာရေးတဲ့စာရေးဆရာတစ်ယောက်ဘဲလားလို့ပြောရင်လည်းမဟုက်သေးဘူး မြန်မာနိုင်ငံရဲ့ နာမည်ကြီးကုမ္မဏီတွေထဲမှာမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Gardenကုမ္မဏီရဲ့CEOနေမင်းထက်သာဖြစ်သည်
Boy Loveဇာတ်လမ်းတွေရေးရတာ အလွန်ဝါသနာပါလွန်းလို့သာ wattpadမှာစာရေးနေခြင်းဖြစ်သည်

အခုလဲ ဒေါသတွေထွက်ပြီးကျိန်ဆဲနေတာ voteမပေးလို့နဲ့ သူ့ficကိုဖတ်ပြီးတော့လေ

"ပင်ပန်းလိုက်တာ....တော်ပြီဟာ...မုန့်ဘဲသွားစားတော့မယ်..."

ထိုသို့ပြောကာ နေမင်းခုံပေါ်မှထပြီး အပြင်သို့ထွက်သွားလေသည်

Ocean Cityရဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာပေါ့
နေမင်း ကော်ဖီထိုင်သောက်ကာ ရေးလက်စ ficကိုဆက်ရေးပြီးအပိုင်းသစ်တင်လိုက်သည်

ထို့အချိန် ဆိုင်ထဲကိုဝင်လာသောကောင်လေးတစ်စု
နေမင်းမသိချင်ယောင်သာဆောင်ကာ ဖုန်းကိုချပြီး သောက်လက်စကော်ဖီကိုဆက်သောက်လေသည်

သူငယ်ချင်းသုံးယောက်ကတော့စကားတွေပြောပြီး ပျော်မြူးနေပေမဲ့ တစ်ယောက်ကတော့ ဖုန်းကိုကြည့်ကာ တစ်ယောက်တည်းအေးချမ်းနေတယ်

"ဟျောင့်...ကာရံထက်...ဘာတွေလုပ်နေတာလဲ..ပြစမ်းငါ့ကို.."

သူငယ်ချင်းတွေက ကာရံဆီကဖုန်းကိုဆွဲယူလိုက်ကြသည်

"Wow..မိုးပြာရောင်အိ်မ်မက်ကအပိုင်းသစ်တင်ပြီလား....ဒီficကိုငါအရမ်းကြိုက်တာ.."

"ငါလည်းကြိုက်ပါတယ်.."

ပြောကာ ကာရံဖုန်းကိုဆွဲယူပြီး အိတ်ထဲပြန်ထည့်လိုက်လေသည်

My Lovely AuthorWhere stories live. Discover now