"Baby...ကိုကိုရှင်းပြမယ်..."
"တော်တော့!!နောက်ထပ် ဘာမှမကြားချင်ဘူး...."
"baby..."
"ဒုန်း..ဝုန်း.."
လေထဲသို့အရှိန်ဖြင့် ဝဲလာတဲ့ မီးတုတ်ချောင်းကို အမြန်ရှောင်နိုင်လို့ပါ
မဟုက်ရင် ငရဲမင်းရဲ့ နဖူးက မြင်မကောင်းအောင်လို့ အမာရွတ်စွဲကျန်နေဉီးမယ်ကိုရိုနာပစ်လိုက်တဲ့ မီးတုတ်ချောင်းသည် ငရဲမင်းကိုမထိပဲ နံရံကိုထိသွားတာကြောင့် ကိုရိုနာသည် ပို၍ပင်ဒေါသထွက်လာသည်
"ခင်ဗျား..သွား..ခင်ဗျားရဲ့ မိန်းမတွေနဲ့သွားနေ ကျွန်တော့်အနားမလာနဲ့..."
"babyရာ ကိုယ့်မှာ babyတစ်ယောက်တည်းရှိတာပါ.."
"မပြောနဲ့ ခင်ဗျားရဲ့အဲ့ပါးစပ်ပေါက်ကြီးကိုပိတ်ထားစမ်း...ခင်ဗျားဟာလေ လူလိမ် လူညာ..."
"မင်း..မင်း..ဟာကွာ..ဒုန်း.."
ငရဲမင်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် လက်သီးကို ရွယ်ကာ ကိုရို့ကို ထိုးမယ်အလုပ် ဘေးရှိ နံရံကိုသာပစ်ထိုးလိုက်လေသည်
"ရိုရို ငါ့ဘဝမှာ မင်းပဲရှိတယ်ကွ မင်းပဲ မင်းတစ်ယောက်တည်းကို ငါချစ်ခဲ့တာကွ..အခုတော့ မင်းက ငါ့အချစ်တွေကို အရမ်းစော်ကားတယ်..မင်း..မင်း.."
ငရဲမင်းသည် စိတ်လည်းဆိုး ဒေါသလည်းထွက်နေပြီဖြစ်သည်
ချစ်ရသူကို ရက်စက်တဲ့စကားတွေမပြောချင်သည်မို့ ဒေါသကိုထိန်းကာ အသံမထွက်ပဲနေလိုက်တော့သည်ထို့နောက် အိပ်ခန်းပြင်ဘက်သို့ လှည့်ကာ ထွက်သွားလေသည်
အိပ်ခန်းတွင်းရှိ အိပ်ရာပေါ်က ကောင်လေးသည် အိပ်ရာခင်းစကို ဆုတ်ကိုင်လျှက် အားရပါးရငိုချလိုက်လေသည်
"ငိုးမ ငရဲမင်းစုတ်..ခင်ဗျားကို မုန်းတယ်...အဟင့် အီး..."
ဟုက်တယ် ဒါ ရိုရို အပြစ်မဟုက်ဘူး
ရိုရိုက ချစ်လွန်းလို့ သ၀န်တိုမိတာ အဲ့ဒါကို မချော့ဘဲ စိတ်ဆိုးသွားတာက အဘိုးကြီး
တူတူနေလာတဲ့အချိန်တွေကကြာလာတော့ ရိုရို့ကို စိတ်ကုန်နေပြီထင်တယ်
အဟင့် ရိုရိုဘ၀က ဆိုးလိုက်တာ