•Darkness-1•

128 13 0
                                    

သတိရတယ် ပြီးတော့
တဆက်တည်းမှာပဲ မေ့ပစ်ချင်လာတယ်

ပြန်မလာတော့တဲ့လူကိုစောင့်ပြီး
စိတ်တံခါးကိုပိတ်မထားသင့်ဘူးမဟုတ်လား
ကျနော်လည်းကျနော့်ဘဝနဲ့
ကျနော်နေသင့်တယ်မဟုတ်လား
ကျနော်လည်း ကျနော်ကိုယ်ကျနော်
ချစ်ပေးသင့်သေးတယ်မဟုတ်လား

မေ့ပစ်ချင်လာတယ်
စိတ်ထဲကထုတ်ပစ်ချင်လာတယ်
အမှောင်ထုထဲ လှောင်ပိတ်မထားချင်တော့ဘူး
ကြာတော့လည်း အလင်းဓာတ်လေးကိုလွမ်းလာတယ်
ခင်ဗျားမဟုတ်တဲ့တခြားလူကိုချစ်ချင်လာတယ်
ခင်ဗျားပျော်နေတာကိုကြည့်ပြီး ငရဲမကျချင်တော့ဘူး
ကျနော်ကိုယ်တိုင်လည်းပျော်ရွှင်ချင်လာတယ်
ကျနော်လည်းခင်ဗျားလို ချစ်ရတဲ့လူနဲ့အတူ
နွေးထွေးချင်လာတယ်

ဒါပေမဲ့လည်း....ဒါပေမဲ့လည်းပေါ့ဗျာ

ကျ​နော်က ခင်ဗျားကိုလည်းမပိုင်ဘူး
ကျနော့်စိတ် ကျနော်လည်းမနိုင်ဘူး။

- 05:38 AM

သတိရတယ် ပြီးတော့


မေ့ပစ်ချင်လာတယ်
နွေးထွေးချင်လာတယ်



- 05:38 AM

F r o m a f a rWhere stories live. Discover now