•Darkness-5 // ငါညတွေကိုကြောက်တယ် မေ•

145 16 0
                                    

( ၁ )

အိပ်သွားတဲ့ကြောင်သေတွေ
ငါ့အိမ်မက်ထဲ လာလာညည်းတယ်။

တမလွန်ကငါအော်သံတွေကြားလား
အမျှဝေပါ မေ
ငါကျွတ်လွတ်ပါမယ်။

ပြီးတော့ ငါကြောက်တယ် မေ
ငါ့ရက်လည်ငါသွားဖို့ကို
သူတို့ကငါ့ကိုမလွှတ်ဘူး တဲ့
ပိတ်ဆို့ထားကြတယ်။

ညလယ်ခေါင်မှာငါတစ်ယောက်တည်း
ဖုန်းခေါ်ဖို့ကြိုးစားတယ်။

ဒီတစ်ခါခေါ်တဲ့ဖုန်းတွေချပစ်တာ
မင်းမဟုတ် ငါဖြစ်တယ်
တိကျသေချာတဲ့အဖြေတစ်ခုပြောပြရမလား
တကယ်တော့အဲ့ဒီဖုန်းတွေချပစ်နေတာသူတို့ပဲ မေ။

( ၂ )

မင်းမွေးနေ့ငါလာဖို့
မှောင်မိုက်တဲ့တောအုပ်ကြီးကိုဖြတ်နေရတယ်
မင်းဖ​​​ယောင်းတိုင်လေးမှုတ်တာတော့
ငါမြင်ရမှဖြစ်မယ် မေ။

အေးစက်စက်လက်တွေနဲ့အနောက်ကနေ
သိုင်းဖက်တော့ မေ ကကြက်သီးမွေးညှင်းတွေထတယ်
မေ့လန့်သွားတယ်ထင်ပါရဲ့။

ဆောရီး မေ ရေ...
ကိုယ့်ဖြစ်တည်မှုကို ခဏမေ့သွားတယ်။

ငါတို့ကနိုင်ငံတွေခြားနေတာမှမဟုတ်ပဲလေ
ကမ္ဘာတွေခြားတာ
တနည်းပြောရရင် ဘဝတွေခြားတာ။

( ၃ )

မေ ဖတ်နေကျစာအုပ်လေးထဲဝင်ပုန်းနေမယ်
မှန်ကနေတဆင့် ငါတို့နီးစပ်နိုင်လား။

"Ghost" ကားထဲကလို
ဘူတာကလူအိုကြီးဆီမှာ
ပစ္စည်းတွေထိတွေ့နည်းသွားသင်ဦးမယ်

မလန့်သွားနဲ့ မေ
ဧည့်ခန်းကဝက်ဝံရုပ်လေးပြုတ်ကျအောင်
ငါလုပ်တာပါ။

ချစ်တယ် မေ
ငါပြောနေတာကြားလား...

ကျနေတဲ့ဆံနွယ်လေး လွှင့်သွားတာရော...
သတိထားမိလိုက်လား။

( ၄ )

ငါမရှိတဲ့နောက်တော့
ခလုတ်မထိ ဆူးမငြိစေချင်ဘူး မေ
စိတ်ချင်းစပ်တဲ့တနေ့တော့
အိမ်မက်တွေထဲအရောက်လာပါမယ်

မေ ကအလိုက်သိတတ်တယ်
ကျနော့်အုတ်ဂူလေးမှာ
ကျနော်သဘောကျတဲ့ ကျူးလစ်ပန်းတွေအပြည့်ပဲ။

F r o m a f a rWhere stories live. Discover now