ဘာတတ်နိုင်လဲ မေးရင်
ဘာမှမတတ်နိုင်ဘူး လို့ဖြေပါမယ်။ပြင်ဦးလွင်က နေကြာခင်းတွေဆီ
လက်လေးတွဲပြီး ပြချင်ခဲ့တဲ့ဆန္ဒဟာ
အခုတော့ တိမ်ဆိုင်အလားပဲ။အတူတကွကြီးပြင်းသွားဖို့
ကတိတွေ ပြုဖူးတယ်။ဖုန်းလေးများပြောရရင်
ရီသံတွေ လှိုင်နေခဲ့ဖူးတယ်။လှပခဲ့တဲ့ အမှတ်တရတွေ
တစစီပြိုကျသွားပုံများ ပြောပါတယ်။ကျနော့်လူသတ်သမားဟာ
ကျနော်သေမသေကြည့်ဖို့
အခင်းဖြစ်ရာဆီ ပြန်လှည့်မလာခဲ့ပါဘူး။ဘာတတ်နိုင်လဲ မေးရင်
တကယ်လည်းဘာမှမတတ်နိုင်ခဲ့ဘူး။ထွက်မသွားအောင်ဆွဲထားနိုင်တဲ့
အာဏာလည်း မပိုင်ဘူး။ဆုံးရှုံးခြင်း နဲ့ ကျန်ခဲ့ခြင်း ကိုပိုက်ပြီးပဲနေခဲ့ရတယ်။
စောင့်နေမယ် လို့လည်း မမှာလိုက်ဘူး
မစောင့်နေဘူး လို့လည်း မအော်လိုက်ဘူး။တရွေ့ရွေ့နဲ့
မြင်ကွင်းထဲကပျောက်သွားတဲ့ သူ့ကျောပြင်ကို
တွေတွေလေးပဲ ငေးနေလိုက်တယ်။ဘာတတ်နိုင်လဲ မေးရင်
ဟင့်အင်း ... ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ။#Meldian
ဘာတတ္နိုင္လဲ ေမးရင္
ဘာမွမတတ္နိုင္ဘူး လို႔ေျဖပါမယ္။ျပင္ဦးလြင္က ေနၾကာခင္းေတြဆီ
လက္ေလးတြဲၿပီး ျပခ်င္ခဲ့တဲ့ဆႏၵဟာ
အခုေတာ့ တိမ္ဆိုင္အလားပဲ။အတူတကြႀကီးျပင္းသြားဖို႔
ကတိေတြ ျပဳဖူးတယ္။ဖုန္းေလးမ်ားေျပာရရင္
ရီသံေတြ လွိုင္ေနခဲ့ဖူးတယ္။လွပခဲ့တဲ့ အမွတ္တရေတြ
တစစီၿပိဳက်သြားပုံမ်ား ေျပာပါတယ္။က်ေနာ့္လူသတ္သမားဟာ
က်ေနာ္ေသမေသၾကည့္ဖို႔
အခင္းျဖစ္ရာဆီ ျပန္လွည့္မလာခဲ့ပါဘူး။ဘာတတ္နိုင္လဲ ေမးရင္
တကယ္လည္းဘာမွမတတ္နိုင္ခဲ့ဘူး။ထြက္မသြားေအာင္ဆြဲထားနိုင္တဲ့
အာဏာလည္း မပိုင္ဘူး။ဆုံးရႈံးျခင္း နဲ႕ က်န္ခဲ့ျခင္း ကိုပိုက္ၿပီးပဲေနခဲ့ရတယ္။
ေစာင့္ေနမယ္ လို႔လည္း မမွာလိုက္ဘူး
မေစာင့္ေနဘူး လို႔လည္း မေအာ္လိုက္ဘူး။တေ႐ြ႕ေ႐ြ႕နဲ႕
ျမင္ကြင္းထဲကေပ်ာက္သြားတဲ့ သူ႕ေက်ာျပင္ကို
ေတြေတြေလးပဲ ေငးေနလိုက္တယ္။ဘာတတ္နိုင္လဲ ေမးရင္
ဟင့္အင္း ... ဘာမွမတတ္နိုင္ခဲ့ပါဘူး။ ။#Meldian