•Darkness-8•

113 11 0
                                    

" သူမကလေ " လို့အစချီလိုက်တိုင်း
သူ့အပြုံးတွေ ရွှန်းရွှန်းဝေတယ်

မပိုင်ချင်ခဲ့တာမဟုတ်ဘူး
မပိုင်ရက်ခဲ့တာ

သူ့နေရာနဲ့သူလှနေတဲ့ပန်းချီကို
ကိုယ့်အိမ်နံရံမှာ မချိတ်ဆွဲချင်ခဲ့တာ

သိပ်ချစ်တာလား လို့မေးတိုင်း
သိပ်ချစ်တာပေါ့ တဲ့

ဂန္တဝင်ဆန်တဲ့ပါးချိုင့်ကလေးဟာ
" သူမကလေ " လို့အစချီလိုက်တိုင်း
အသက်ဝင်တယ်

ချစ်ခြင်းမေတ္တာဟာ ရိုးစင်းတယ်
ပေးတိုင်းပြန်မရတာကိုလည်း လက်သင့်ခံတယ်

ကြယ်တိုင်းရေလို့ပြီးတိုင်းလည်း
ပြန်မချစ်မှာသိတယ်

သိပ်ချစ်တာလား လို့မေးခံရရင်
သိပ်ချစ်တာပေါ့ လို့
မင်းလိုတထေရာတည်းပြန်ဖြေမယ်

" သူကလေ " လို့အစချီတိုင်း
ကိုယ့်အပြုံးတွေ ရွှန်းရွှန်းဝေတာ
မင်းကလွဲရင် တလောကလုံးသိတယ်။      ။

- 06:18 AM

" သူမကေလ " လို႔အစခ်ီလိုက္တိုင္း
သူ႕အၿပဳံးေတြ ႐ႊန္း႐ႊန္းေဝတယ္

မပိုင္ခ်င္ခဲ့တာမဟုတ္ဘူး
မပိုင္ရက္ခဲ့တာ

သူ႕ေနရာနဲ႕သူလွေနတဲ့ပန္းခ်ီကို
ကိုယ့္အိမ္နံရံမွာ မခ်ိတ္ဆြဲခ်င္ခဲ့တာ

သိပ္ခ်စ္တာလား လို႔ေမးတိုင္း
သိပ္ခ်စ္တာေပါ့ တဲ့

ဂႏၱဝင္ဆန္တဲ့ပါးခ်ိဳင့္ကေလးဟာ
" သူမကေလ " လို႔အစခ်ီလိုက္တိုင္း
အသက္ဝင္တယ္

ခ်စ္ျခင္းေမတၱာဟာ ရိုးစင္းတယ္
ေပးတိုင္းျပန္မရတာကိုလည္း လက္သင့္ခံတယ္

ၾကယ္တိုင္းေရလို႔ၿပီးတိုင္းလည္း
ျပန္မခ်စ္မွာသိတယ္

သိပ္ခ်စ္တာလား လို႔ေမးခံရရင္
သိပ္ခ်စ္တာေပါ့ လို႔
မင္းလိုတေထရာတည္းျပန္ေျဖမယ္

" သူကေလ " လို႔အစခ်ီတိုင္း
ကိုယ့္အၿပဳံးေတြ ႐ႊန္း႐ႊန္းေဝတာ
မင္းကလြဲရင္ တေလာကလုံးသိတယ္။      ။

- 06:18 AM

F r o m a f a rWhere stories live. Discover now