•Darkness - 11•

148 14 2
                                    

ငါကမင်းမဟုတ်တဲ့တခြားတစ်ယောက်ကို
Morning,goodnight အချိန်မှန်ပို့လိုက်မယ်

မင်းကငါမဟုတ်တဲ့
တခြားတစ်ယောက်လက်ကို တွဲလိုက်

တိုက်ဆိုင်တဲ့သီချင်းတွေကြားရင်
ငါကငိုလိုက်မယ်

မင်းက ငါနဲ့ခပ်ဆင်ဆင်လူတွေတွေ့ရင်
အချိန်အတိုင်းအတာတစ်ခုထိအတူရှိခဲ့တဲ့
ငါ့ကို တစ်ချက်လောက်တော့ သတိရပေးပေါ့

အဲ့ဒီလို တရွေ့ရွေ့နဲ့ဆက်ပြီး
ရှင်သန်သွားရုံပဲရှိတယ် ... အချစ်ရေ ...

ကြယ်တွေလည်း မကြွေစေချင်တော့ဘူး
ဘုရားလည်း မတက်ဖြစ်တော့ဘူး

တောင်းတဲ့ဆုတိုင်းသာ ပြည့်ရင်
ဟိုးအစထဲက ဘယ်ဝေးခဲ့ပါ့မလဲ

တိမ်ဆိုင်တွေလို တရွေ့ရွေ့ ...
မျှော်လင့်ခြင်းဟာ အသက်ရှင်ခြင်းပုံမပေါ်တော့ဘူး

မှာစရာတွေလည်းကုန်ပြီ
တစ်ခုပဲ ... မမေ့ကြေး။

အတူရှိခဲ့တဲ့အချိန်ထက်
နှစ်ဆ ဒါမှမဟုတ် သုံးဆ
အဆပေါင်းများစွာကြာသွားလည်း
ငါ့ကိုမမေ့သွားကြေး

မင်းဘဝထဲ ခဏအလည်လာသွားတဲ့
ငါ့ကို မမေ့ကြေး
မင်းမှမင်းဖြစ်ခဲ့တဲ့
မင်းမှမင်းဖြစ်နေဆဲဖြစ်တဲ့
ငါ့ကို မေ့မသွားကြေး

မင်းမှတ်ဥာဏ်ခပ်ရေးရေးလေးထဲ
တခါတရံတော့ ဖြတ်ပြေးခွင့်ပြုပေါ့
မတတ်နိုင်ခြင်းတွေကြားထဲ
ဒီတစ်ခုတော့ ငါတတ်နိုင်ချင်ပါတယ်။       ။

#Meldian

ငါကမင္းမဟုတ္တဲ့တျခားတစ္ေယာက္ကို
Morning,goodnight အခ်ိန္မွန္ပို႔လိုက္မယ္

မင္းကငါမဟုတ္တဲ့
တျခားတစ္ေယာက္လက္ကို တြဲလိုက္

တိုက္ဆိုင္တဲ့သီခ်င္းေတြၾကားရင္
ငါကငိုလိုက္မယ္

မင္းက ငါနဲ႕ခပ္ဆင္ဆင္လူေတြေတြ႕ရင္
အခ်ိန္အတိုင္းအတာတစ္ခုထိအတူရွိခဲ့တဲ့
ငါ့ကို တစ္ခ်က္ေလာက္ေတာ့ သတိရေပးေပါ့

အဲ့ဒီလို တေ႐ြ႕ေ႐ြ႕နဲ႕ဆက္ၿပီး
ရွင္သန္သြား႐ုံပဲရွိတယ္ ... အခ်စ္ေရ ...

ၾကယ္ေတြလည္း မေႂကြေစခ်င္ေတာ့ဘူး
ဘုရားလည္း မတက္ျဖစ္ေတာ့ဘူး

ေတာင္းတဲ့ဆုတိုင္းသာ ျပည့္ရင္
ဟိုးအစထဲက ဘယ္ေဝးခဲ့ပါ့မလဲ

တိမ္ဆိုင္ေတြလို တေ႐ြ႕ေ႐ြ႕ ...
ေမွ်ာ္လင့္ျခင္းဟာ အသက္ရွင္ျခင္းပုံမေပၚေတာ့ဘူး

မွာစရာေတြလည္းကုန္ၿပီ
တစ္ခုပဲ ... မေမ့ေၾကး။

အတူရွိခဲ့တဲ့အခ်ိန္ထက္
ႏွစ္ဆ ဒါမွမဟုတ္ သုံးဆ
အဆေပါင္းမ်ားစြာၾကာသြားလည္း
ငါ့ကိုမေမ့သြားေၾကး

မင္းဘဝထဲ ခဏအလည္လာသြားတဲ့
ငါ့ကို မေမ့ေၾကး
မင္းမွမင္းျဖစ္ခဲ့တဲ့
မင္းမွမင္းျဖစ္ေနဆဲျဖစ္တဲ့
ငါ့ကို ေမ့မသြားေၾကး

မင္းမွတ္ဥာဏ္ခပ္ေရးေရးေလးထဲ
တခါတရံေတာ့ ျဖတ္ေျပးခြင့္ျပဳေပါ့
မတတ္နိုင္ျခင္းေတြၾကားထဲ
ဒီတစ္ခုေတာ့ ငါတတ္နိုင္ခ်င္ပါတယ္။       ။

#Meldian

F r o m a f a rWhere stories live. Discover now