🔸1

6.2K 318 5
                                    

*U

Song suggest : Luhan - Promise

◻ ၂၀၅၅ ခုနှစ် ◻

- သေဆုံးသူ ဝမ်ရိပေါ် အသက် ၅၈ နှစ်
တရုတ် စံတော်ချိန် ၁၀:၀၅ မိနစ် တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ -

ဆေးရုံကုတင်ထက်မှာ ငြိမ်သက်စွာ လှဲလျောင်းနေသည့် အဖြူရောင် ပုံရိပ်ဟာ ဝင်သက်ထွက်သက်တို့ ကင်းမဲ့နေလျက် ။

ဝိညာဉ်ငယ်ဟာ ခန္ဓာအိမ်ထဲကနေ ပိုးကြိုးမျှင်စလေးလို လွင့်ထွက် လာပြီးတဲ့နောက် ခုတင်ပေါ်မှာရှိတဲ့ ကိုယ့်ပုံရိပ်ကိုယ် ငေးကြည့်နေရင်းကနေ တိုးတိုးဖွဖွ  ရေရွတ်တယ် ။

- "နောက်ဆုံးတော့ ကျွန်တော် ခင်ဗျားနောက်ကို လိုက်လာလို့ရခဲ့ပြီပဲ အစ်ကို " -

တစ်ဘဝမှာ တစ်ခါပဲ ကြုံတွေ့နိုင်တဲ့
နေဝင်ချိန်ဟာ ဒီလိုမျိုးပဲ အထီးကျန်မှုတစ်ချို့နဲ့ အနည်းငယ်  ခြောက်ကပ်ကပ် နိုင်နေပေမယ့်လဲ သူ ပျော်ပါတယ် ။

ဒီလောကကြီးထဲက  သူထွက်ခွာသွားလို့ရယ်ဆိုပြီး သတိရ လွမ်းဆွတ်ခြင်းတွေနဲ့ ကျန်ရစ်ခဲ့မယ့် လူဆိုတာ ဝေးလို့

လက်တစ်ဖက်ကို ဆုပ်ကိုင်လို့ သူ့ နာမည်ကို တတွတ်တွတ် ရွတ်ဆိုရင်း တမ်းတမ်းတတ ငိုကြွေးပေးမယ့် သူ တစ်ယောက်တစ်လေတောင် မရှိလည်းပဲ သူ့အတွက် နောင်တဆိုတာမျိုး မရှိပါဘူး။

ဒါဟာ သူ ရွေးချယ်ခဲ့တဲ့ ဘဝပုံစံပဲ ဖြစ်တာမို့ ။

အဲ့ဒီ့ လူ နဲ့ ဆုံဆည်းခွင့်ရခဲ့တဲ့ အခိုက်အတန့်လေးဟာ တိုတောင်းလွန်းပေမယ့် သူ့အတွက်တော့ အမှတ်တရတွေက သေရာပါတဲ့အထိ ထင်ကျန်ရစ်ပါတယ် ။

တစ်ဘဝစာလုံး အဲ့ဒီ့ လက်တစ်ဆုပ်စာ အမှတ်တရလေး နည်းနည်းကို အထိအရှမခံ  ယုယုယယနဲ့ နောက်ဆုံးအချိန်ထိ ပွေ့ပိုက်သိမ်းဆည်းလာခဲ့တာ
ဘယ်လို မျှော်လင့်ချက်မျိုးမှ ထားခဲ့လို့ရယ်မှ မဟုတ်တာ သူ ကိုယ်တိုင်ပဲ သိပါရဲ့။

တစ်ဘဝစာအတွက် နှလုံးသားဟာ တစ်ကြိမ်တစ်ခါသာ အခုန်မြန်ခဲ့တယ်
နှလုံးအိမ်မှာ ရှိတဲ့ အခန်းလေးခန်း စလုံးဟာ အပြာရောင်လေးအတွက်ပဲ ဖြစ်ပါတယ် ။

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now