🔸2

2.1K 269 2
                                    

*U

~ ပြန်လည် မမွေးဖွားခင်ကာလ ၂၀၁၈ ခုနှစ်

ရထားပေါ်ကနေ မြေသားမာမာတွေပေါ် ခြေချလိုက်ပြီးပြီးချင်းမှာ ခါးကြောတွေကို ဆန့်ထုတ်ပစ်လိုက်ရတယ် ။

ရထားနဲ့ ခရီးသွားရတာကို ဘယ်လောက်ပဲ သဘောကျတယ်ဆိုစေအုံး တစ်လမ်းလုံး ထိုင်လာရလို့ ညောင်းချိနေတဲ့ ခန္ဓာကိုယ်ကတော့ အဆင်ပြေပြေ မရှိလှဘူး။

အနည်းငယ် ထုံကျင်သလို ဖြစ်နေတဲ့ ခြေထောက်တွေကြောင့်
လက်ထဲက စကိတ်ဘုတ်ကို ချစီးဖို့ တွေးလိုက်သေးပေမယ့် မြင်နေရတဲ့ မြေနီခဲလမ်းကြောင့် နည်းနည်းတော့ စိတ်ပင်ပန်းသွားရတယ်။

ခရီးထွက်တာက စိတ်ကျေနပ်စရာကောင်းတယ်ဆိုပေမယ့် ကောင်းမွန်မှုတွေတော့ အလုံးစုံ ပြည့်မနေဘူးလို့ ဆိုလိုတာပါပဲ။

နှစ်တိုင်း မွေးနေ့လမှာ ရှိသမျှအလုပ်တွေကို နားပြီး
သူ့ရဲ့ အသေးစား ဓာတ်ပုံ စတူဒီယိုလေးအတွက် လက်ရာကောင်းကောင်း တစ်ပုံတစ်လေ ရဖို့ကို သူ အားထုတ်ဖို့ ကြိုးစားလေ့ရှိတယ်။

ကြိုးစားမှုရဲ့ ရလာဒ် အနေနဲ့
သူ့ရဲ့ ၁၀၀၅ခုမြောက်သော  ဝါသနာအဖြစ်နဲ့ အခုလိုမျိုး ရထားစီးပြီး ခရီးရှည်ကြီး ထွက်တဲ့ အလေ့အကျင့်တစ်ခုက တိုးလာပါတယ်ပေါ့ 

အဝတ်တစ်စုံ နှစ်စုံလောက်ရယ်၊
မဖြစ်မနေ လိုအပ်မယ့် အသုံးဆောင်နည်းနည်းရယ်လောက်သာ ပါရှိတဲ့ စစ်စိမ်းရောင် ကျောပိုးအိတ်လေးကို အသာပင့်တင်လို့

ချစီးလို့ မဖြစ်တော့တဲ့ စကိတ်လေးကို စိတ်မကောင်းသလို တစ်ချက် ငဲ့ကြည့်လိုက်ပြီးမှ ဘယ်ဘက်လက်နဲ့ သာသာ ပွေ့ထားပေးလိုက်ရဲ့ ။

အဲ့ဒီ့နောက်မှာ လမ်းပြမြေပုံလို့ အမည်တပ်ရမလားသိတဲ့ ပိုစတာယောင်ယောင် လမ်းညွှန် စာရွက်လေးကို ငုံ့ဖတ်ရင်း ဘူတာရုံလေးကနေ ထွက်လာခဲ့လိုက်တယ် ။

နောက်မှာ ကျန်ခဲ့တဲ့ ရထားကတော့ တဂျက်ဂျက်မြည်ရင်း သူ့ကို ကျော်တက်လို့ ခပ်ဝေးဝေးကိုတောင် ရောက်သွားပြီ ။

ဒီတခေါက် သူ ရွေးချယ်ခဲ့တဲ့ မြို့လေးက လူ အရောက်အပေါက်နည်းတယ် ။

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now