🔸4

1.3K 199 12
                                    

*U

Song suggest : I like you so much you'll know it

ဒီနေ့တော့ ပင်လယ်ကြီးကို ခဏထားပြီး မြို့လေးထဲကို ပတ်မယ် စိတ်ကူးရလို့ ဖလင်အသစ်တစ်လိပ် ပြောင်းထည့်ပြီး ထွက်လာခဲ့လိုက်သည်။

လူနေအိမ်ခြေ သိပ်မများတဲ့ မြို့လေးက အေးချမ်းတာထက်ကို ပိုပါတယ် ။
မြို့က လူတွေက နှမ်းစိုက်ပျိုးတာကိုသာ အသက်မွေးအလုပ်အဖြစ် အဓိကထားကြတယ်ဆိုတုန်းက ကြားကြားချင်း သူအံ့ဩလိုက်ရသေး၊

ပင်လယ်နဲ့ အနီးဆုံးမှာ ရှိပြီး ပင်လယ်ကြီးဆီကနေ ရှာဖွေလို့ရတဲ့ အကျိုးစီးပွားတွေ အများကြီး ရှိပါရက်နဲ့ မြေမြင့်ပိုင်းတွေဘက်ကို ရွေးပြီး ပန်းနှမ်း နဲ့ နှမ်းကြီးပင်တွေ အသာပေး စိုက်ပျိုးရင်း အသက်မွေးဝမ်းကြောင်းပြုတာက အနည်းငယ် အူကြောင်ကြောင်နိုင်တဲ့ အတွေးတွေရယ်လို့ ထင်ရပေမယ့်

သဘာဝကြီးရဲ့သယံဇာတ နဲ့ ပင်လယ်ပြင်ကို ချစ်တတ်တဲ့ မြို့နေလူထုရဲ့ စိတ်ဓာတ်ကိုတော့ မလေးစားဘဲ နေလို့မရဘူး ။

မြို့ငယ်လေးရဲ့ ဈေးထဲမှာက
ပန်းနှမ်းကနေ ထုတ်လုပ်လို့ရတဲ့ ပစ္စည်းတွေ အများအပြား ရောင်းချနေတဲ့ ဆိုင်တွေလည်း ရှိသလို
အခြား စိတ်ဝင်စားစရာ ပစ္စည်း တွေကို ရောင်းတဲ့ ဆိုင်တွေလည်း အမျိုးကို စုံလို့

တစ်နေရာအရောက်မှာ ရှေးဟောင်းပစ္စည်း အသုံးအဆောင်တွေ ခင်းကျင်း ထားတဲ့ ဆိုင်အိုလေး တစ်ဆိုင်ကို မြင်တော့ စပ်စပ်စုစု ဝင်ကြည့်ဖြစ်တယ်

ဆိုင်လေးက ဘာမှထူးခြားလို့ရယ် မဟုတ်ပေမယ့်
၁၉၉၀ရာစုလောက်က ကြွင်းကျန်ရစ်တဲ့ လူနေမှု အသုံးအဆောင်တစ်ချို့ရဲ့ ပုံရိပ်တွေက ရိပေါ်တို့လို မှတ်တမ်းတင် ဓာတ်ပုံဆရာတွေအနေနဲ့က ဒီအတိုင်း ကျော်သွားလိုက်လို့ မဖြစ်တဲ့ အရာတွေပဲ

ခေတ်အဆက်ဆက်က လူသားတွေရဲ့ လူနေမှု ဓလေ့ထုံးစံတွေက ဒီလို အကြွင်းအကျန် ပစ္စည်းတွေကနေတဆင့် ပုံရိပ်တွေအဖြစ်
အများကြီး ပြန်လည် သိမြင်နိုင်တာမို့

ဈေးကြီးကြီးပေးရတဲ့ ခေတ်ပေါ် ဇိမ်ခံ ပစ္စည်းတွေထက်စာရင် ဘိုးဘေးတွေရဲ့ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကသာ ပိုစိတ်ဝင်စားစရာကောင်းတယ်လို့ သူ ယူဆတယ် ။

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now